မန္တလေးမြို့မှာ နေထိုင်သူဖြစ်ပါတယ်။

ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးအတွက် ထာဝရအလှူရှင် ထပ်မံ ထွက်ပေါ်လို့ လာပြီလို့ ခင်သဇင်က ဝမ်းသာအားရနဲ့ ပြောပြလာပါတယ်. လက်ရှိမှာလည်း ကစ်ကစ်ရဲ့ ကျန်းမာရေးက အနည်းငယ်ကောင်းမွန်လာပြီလို့ ဆိုပါတယ်.

Photo: ခင်သဇင်



သရုပ်ဆောင် ခင်သဇင်က ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးအတွက် ထာဝရ အလှူရှင်တစ်ဦး ပေါ်လာလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်. ဒီ အလှူရှင်ရဲ့ လေးစားစရာ ကောင်းတဲ့ စိတ်ဓာတ်ကိုလည်း အခုလို ချီးကျူး ပြောပြခဲ့ပါသေးတယ်.

'' မကစ် အတွက် ထာဝရ အလှူရှင် နောက်ထပ်တစ်ဦးကတော့ မန္တလေး Zwe Wathan Construction company မှ Managing Director ကိုသော်ဇင်လင်း ဖြစ်ပါတယ်. Post အောက်မှာ လှူချင်လို့ comment လေးထားပြီး ဆက်သွယ်လာလို့ messenger ကတဆင့် လှမ်း ဆက်သွယ်ဖြစ်ပါတယ်။ တော်တော်လေး ကို သဒ္ဒါ အားကြီးပါတယ်။ ခင်သဇင် မန္တလေး ရောက် နေတုန်း တစ်နှစ်စာ ၁၂ သိန်း တိတိ ကို အရင်ပေးထားပါရစေ ဆိုပြီး ရောက်နေတဲ့ နေရာအထိကို လာလှူသွားတာပါ။ သူကလည်း မကစ်နဲ့ လူချင်းရင်းနှီးလို့ မဟုတ်ပဲ အင်တာနက်မှာ မကစ်အကြောင်းတွေ့တိုင်း စိတ်မကောင်း ဖြစ်မိလွန်းလို့ ကိုယ်ချင်းစာမိတာနဲ့ ဒီလို ရာသက်ပန် အလှူရှင် လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါတဲ့ သဒ္ဒါ အား အရမ်း ကောင်းလွန်းတဲ့ အကို သော်ဇင်တို့ မိသားစု ကျန်းမာပျော်ရွှင်ပြီး လုပ်ငန်းများ ဆထက်တစ်ပိုး ပိုပြီး အဆင်ပြေပါစေ.Facebook မှ သူငယ်ချင်းများလည်း ဤ ကုသိုလ် အလှူကို သာဓုခေါ်ဆိုပေးကြပါဦးရှင်' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၁၁ နာရီ ၁၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်.

Photo: ခင်သဇင်

ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေကောင်းလာပြီလို့ သရုပ်ဆောင် ခင်သဇင်က ပြောပြခဲ့ပါသေးတယ်. အရေးပေါ် ကျန်းမာ ရေး အခြေအနေ တစ်ခုကို ဖြတ်သန်းလာနိုင်ခဲ့တာဖြစ်ပြီး အဆုတ်ရောဂါအခြေအနေကတော့ ကောင်းသွားပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့ဖူးပါတယ်.

'' ဒီနေ့ မကစ် ဆေးရုံတက်တာ တစ်လတိတိ ပြည့်တဲ့ နေ့ပါ။ ကျန်းမာလာတယ်တော့ မဟုတ်သေးပေမယ့် သေရမယ့် အချိန် တစ်ခုကိုတော့ ကျော်ဖြတ် နိုင်ခဲ့ပါပြီ။ အဆုတ်ပြသနာတော့ မရှိတော့ပါဘူူး။ နှလုံးကတော့ ပုံမှန် အလုပ်လုပ်ဖို့ ခက်နေသေးတဲ့ အတွက် အိပ်ပျော်နေချိန်တွေ မှာ မျောချင် သလို ဖြစ်ဖြစ် သွားတဲ့ အတွက် ဆရာဝန်ကတော့ သေချာ စောင့်ကြည့်ခိုင်းထားဆဲပါ'' လို့ ပြောပါတယ်။

Photo: ခင်သဇင်

ကစ်ကစ်ဟာ သူ့ရဲ့ ကျန်းမာရေးအတွက် ငွေကြေးထောက်ပံ့ခဲ့သူများကို လည်း ဆုတောင်း မေတ္တာပို့သလျှက်ရှိတယ်လို့ ခင်သင်ဇင်က ပြောပါတယ်။ ပရိသတ်တွေကိုလည်း အစားအသောက်နဲ့ ပတ်သက်ပြီး ဆင်ခြင်နိုင်စေဖို့ စကားလက်ဆောင်ပါးခဲ့သေးတယ်ဆိုတာကို ဒီဇင်ဘာလ ၂ ရက်နေ့ ည ၇ နာရီက ခင်သဇင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

''မကစ်အခုလို အသက်ဆုံးရှုံးမှုကနေ လွန်မြောက်နိုင်ခဲ့တာ ပါဝင် လှူဒါန်းသူ မြောက်မြားစွာရဲ့ စေတနာ သဒ္ဒါ စွမ်းအားကြောင့်ပါ။ မကစ် ကလည်း ၇ ရက် သားသမီး အားလုံးကို ပန်းလိုမွှေးပြီး ရေလို အေးစေဖို့ အမြဲ ဆုတောင်းပေးနေကြောင်း စကားပါးလိုက်ပါသေးတယ်။ သူက လှူဒါန်းသူ များရဲ့ စေတနာ သဒ္ဒါ ကုသိုလ်အား အထမြောက်စေရန် အစားကို လုံးဝကို လိုတာထက်ကို ပိုရှောင်ကြောင်း တဖွဖွ ပြောရှာ ပါတယ်''လို့ ဆက်လက်ပြောပြခဲံ့ပါတယ်။

Photo: ခင်သဇင်

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က