ရီနာအနေနဲ့ ပြန်လည်သက်သာနေပြီလည်းဖြစ်ပါတယ်။

အက်စတွန်ဗီလာဂိုးသမားရီနာအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး အခုအချိန်မှာတော့ ပြန်လည်သက်သာနေခဲ့ပြီ လည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အက်စတွန်ဗီလာအသင်းသို့ အငှားစာချုပ်ဖြင့်စာချုပ်ကစားနေတဲ့ စပိန်ဝါရင့်ဂိုးသမားရီနာ က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရချိန်ကာလအတွင်း ရင်ဆိုင်ခဲ့ရမှုများကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ၁၈ရက်တာ ကာလအတွင်း ဘဝတစ်ခုပြီးဆုံးခဲ့သလိုမျိုး ခံစားခဲ့ရကြောင်း ဖွင့်ဟဝန်ခံမှုကို thesun က ဖော်ပြလာပါတယ်။



အက်စတွန်ဗီလာအသင်းအနေနဲ့ ကစားသမားအချို့ရောဂါပိုးကူးစက်ခံထားရတယ်လို့ အတည်ပြုခဲ့ပေမယ့်ဘယ် သူဘယ်ဝါဆိုတာ အသိပေးခြင်းမရှိခဲ့တဲ့အတွက် မီဒီယာတွေအကြားအပြင် ပရိသတ်တွေကြားမှာပါ စိုးရိမ်မှုမြင့် တက်ခဲ့ပေါသေးတယ်။



“ တကယ်ကိုဆိုးရွားတဲ့အခြေအနေပါ။ အားလုံးပိုင်ဆိုင်ထားတဲ့ သန့်စင်တဲ့အောက်ဆီဂျင်လေကို ၂၅မိနစ်လော က် ဓားပြတိုက်ခံခဲ့ရသလိုပါပဲ။ တကယ်ကိုငရဲပါ။ ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ကျော် ဖြတ်နိုင်ခဲ့ပါပြီ။ မိသားစုနဲ့ခွဲနေခဲ့ရတဲ့ ၁၈ရက်တာကာလက တကယ်ကိုလောကငရဲပါပဲ ” လို့ ရီနာက ထုတ်ဖော် ပြောဆိုလိုက်တာပါ။

ပရီးမီးယားလိဂ်တွင် အာဆင်နယ်နည်းပြအာတီတာ၊ ချဲလ်ဆီးလူငယ်တောင်ပံကစားသမားဟက်ဆန်အော့ဒွိုင်းစ် တို့ပြန်လည်သက်လာခဲ့ပြီးနောက် ဂိုးသမားရီနာမှာလည်း ပုံမှန်အခြေအနေနဲ့အနီးစပ်ဆုံးဖြစ်လာခဲ့ပြီး ကိုရိုနာဗိုင်း ရပ်စ်အန္တရာယ်ကို ကျော်လွှားနို်င်ခဲ့ပြီလည်းဖြစ်ပါတယ်။

ဗြိတိန်နို်င်ငံရဲ့လက်ရှိရောဂါကူးစက်ခံရမှုနှုန်းမှာ ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ ၂၅,၁၅၀ ယောက်ရှိနေခဲ့ပြီး ကူးစက်ခံရသူအသစ်ထပ်မံမတွေ့ရှိရတဲ့အခြေအနေကြောင့် ကူးစက်မှုနှုန်းကို အနည်းငယ်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တ ယ်လို့ worldometers.info ရဲ့ဖော်ပြချက်အရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က