အင်္ဂလန်လူစာရင်းကနေ ဘန်ဝှိုက်ချန်လှပ်ခံခဲ့ရတာပါ။

အာဆင်နယ်နည်းပြ အာတီတာက သူ့နောက်ခံလူ ဘန်ဝှိုက် ဒဏ်ရာကြောင့် အင်္ဂလန်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေအပေါ် ငြင်းဆန်လိုက်ပါတယ်။ ဘန်ဝှိုက်ဟာ လာမယ့် နိုင်ငံတကာရက်သတ္တပတ်မှာ ကစားမယ့် အင်္ဂလန်ရဲ့ နေးရှင်းလိဂ်ပွဲစဥ်တွေအတွက် လူစာရင်းမှာ အရွေးမခံခဲ့ရပါဘူး။



ဒါဟာ ဒဏ်ရာပြဿနာကြောင့်ဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အာတီတာကတော့ “ဘရန့်ဖို့ဒ်နဲ့ပွဲအတွက် ဘန်ဝှိုက်က ကြံ့ခိုင်မှုပြည့်ဝနေပါတယ်။ သူက ဗဟိုနောက်ခံလူနေရာမှာရော၊ ညာနောက်ခံလူနေရာမှာပါ ညာနောက်ခံလူနေရာမှာပါ ကစားနိုင်ပါတယ်။ ဒါပေမယ့် သူက တခါတလေ လက်ရွေးစင်မှာ အရွေးခံရပြီး တခါတလေကျတော့လည်း မပါပြန်ပါဘူး”

“ဘန်ဝှိုက်လိုမျိုး ကစားသမားက ကျနော့်အထင် ဘယ်နည်းပြမဆို လိုချင်တဲ့ ကစားသမားမျိုးပါ။ အထူးသဖြင့် ကိစ္စတွေ အများကြီး ဖြစ်ပျက်သွားနိုင်တဲ့ ပြိုင်ပွဲကြီးတွေအတွက်ပေါ့။ ဒါပေမယ့် ဒါက ဆောက်ဂိတ်နဲ့ သူ့နည်းပြအဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်ပေါ့။ ကျနော် ပြောနိုင်တာက ဘန်ဝှိုက်သာ အရွေးခံရမယ်ဆိုရင် သူက အချိန်တိုင်း အသင့်ဖြစ်နေမယ့် ကစားသမားမျိုးပါ”

“ဆောက်ဂိတ်က လက်ရှိအချိန်အတွက် အကောင်းဆုံးလို့ ယုံကြည်ရတဲ့ လူစာရင်းကို ရွေးချယ်ခဲ့တာပါ။ ဒါက နိုဝင်ဘာအတွက်ပါ အဆုံးအဖြတ်ဖြစ်မယ်မထင်ပါဘူး။ သူတို့ရဲ့ လူစာရင်းက တကယ်ကို အံ့အားသင့်စရာကောင်းပြီး ဘန်ဝှိုက်နဲ့ပတ်သက်လို့လည်း ကျနော်တို့ အရာအားလုံး ကူညီပေးသွားမှာပါ။ ဘန်ဝှိုက်က အရွေးခံရဖို့အတွက် အကြောင်းပြချက်တွေ အများကြီးရှိနေပြီး ကျနော်တို့ လုပ်ပေးနိုင်တာလည်း ဒါပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘန်ဝှိုက်ဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ဘရိုက်တန်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ဘာမှသက်သေမပြရသေးတဲ့ ကစားသမားကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေးခဲ့တဲ့ အာဆင်နယ်ကို ဝေဖန်ခဲ့ကြပေမယ့် ဒီကစားသမားကတော့ သူ့ရဲ့ခြေစွမ်းကို အကောင်းဆုံး သက်သေပြခဲ့ပြီး ညာနောက်ခံလူနေရာမှာရော၊ ဗဟိုနောက်ခံလူနေရာမှာပါ လိုအပ်သလို ကစားပြနေတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က