ရာသီကုန်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေခဲ့တဲ့သူလည်းဖြစ်ပါတ ယ်။
ပီအက်စ်ဂျီအသင်းအနေနဲ့ နေမာကိုအသင်းမှာဆက်ရှိနေဖို့အတွက် သက်တမ်းတိုးစာချုပ်တစ်ရပ်ချုပ်ဆိုဖို့ကမ်း လှမ်းခဲ့ရာ ညှိနှိုင်းမှုများအဆင်ပြေခဲ့ခြင်းနဲ့အတူ သဘောတူညီမှုအချို့ရရှိထားခဲ့ပြီဖြစ်တယ်လို့ ပြင်သစ်မီဒီယာေ တွရဲ့ဖော်ပြချက်ကို dailymail က ကိုးကားဖော်ပြလာပါတယ်။
နေမာအနေနဲ့ ပီအက်စ်ဂျီအသင်းကိုသေချာပေါက်စွန့်ခွာဖို့ရှိနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့သလိုအသ င်းဟောင်းဘာစီလိုနာ၊ ရီးရဲလ်အသင်းတို့ကလည်း တရားဝင်ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ အသင့်ရှိနေခဲ့ပေမယ့်အခု လိုသတင်းထွက်ပေါ်မှုက အံအားသင့်စရာလည်းဖြစ်လာခဲ့ပါတယ်။
စပိန်သတင်းစာ Diario Sport ရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီအားကစားဒါရိုက်တာလီယိုနာဒိုအနေနဲ့ နေမာအ တွက် သက်တမ်းတိုးစာချုပ်သစ်တစ်ခုကမ်းလှမ်းခဲ့ပြီး စာချုပ်သစ်အရ တစ်ပတ်လုပ်ခလစာပေါင် ၆သိန်းကျော် ရရှိဖို့ရှိတယ်လို့လည်း အခို်င်အမာဖော်ပြထားပြန်ပါတယ်။
ယမန်နေ့သတင်းဖော်ပြမှုတွေမှာတော့ ဘာစီလိုနာအသင်းအနေနဲ့ နေမာကို ပြန်ခေါ်ဖို့အတွက် ကစားသမားအ ချို့အလိုက်ပေးဖို့အထိအသင့်ရှိနေတဲ့အပြင် ပေါင်သန်း ၁ဝဝကျော်ပေးချေဖို့အတွက်လည်းရှိနေခဲ့ပေမယ့် လက် ရှိအခြေအနေအရတော့ အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့ အခက်အခဲအချို့ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။
အခြားသတင်းဖော်ပြမှုတွေအရ ပီအက်စ်ဂျီအသင်းအနေနဲ့ လာမယ့်ရာသီသစ်အတွက် ဘဏ္ဍာရေးမျှခြေစည်းမျ ဉ်းလျော့ပေါ့မှုများကြောင့် အဓိက,ကစားသမားအများစုကို အသင်းမှာဆက်ထိန်းထားနိုင်ဖို့ အားစိုက်လာခဲ့ပြီးလူ ငယ်တိုက်စစ်မှူးအမ်ဘာပီကိုလည်း စံချိန်တင်ကမ်းလှမ်းမှုတစ်ခုပြုလုပ်ဖို့ရှိနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေ ပြန်ပါတယ်။