ဖီယင်နုနည်းပြကို ခန့်အပ်တော့မှာပါ။

လီဗာပူးဟာ ဖီယင်နုနည်းပြ အာနေးစလော့တ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။ လီဗာပူးဟာ လာမယ့်နွေရာသီမှာ လက်ရှိနည်းပြ ကလော့ပ်နဲ့ လမ်းခွဲရတော့မှာပါ။



အဲ့ဒါကြောင့်လည်း လီဗာပူးတို့ ရာသီမကုန်ခင်မှာတင် နည်းပြသစ်တစ်ယောက်ကို မြန်မြန်ဆန်ဆန် ရှာဖွေခဲ့ပြီး အခုချိန်မှာတော့ သူတို့ စိတ်ကြိုက်နည်းပြကို ရရှိခဲ့တာပါ။ လီဗာပူးဟာ နည်းပြသစ်နေရာအတွက် အာနေးစလော့တ်အပြင် စပို့တင်းလစ္စဘွန်းနည်းပြ အမိုရင်နဲ့လည်း သတင်းထွက်ခဲ့ပါသေးတယ်။

ဒါပေမယ့် စလော့တ်နဲ့သာ အမှန်တကယ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အဆိုပါနည်းပြကိုယ်တိုင်ကလည်း လီဗာပူးကို လာရောက်လိုကြောင်း လူသိရှင်ကြား ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ လီဗာပူးနဲ့ ဖီယင်နုအကြား စလော့တ်နဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေအားလုံး အဆင်ပြေသွားခဲ့ပါပြီ။

စလော့တ်ဟာ လာမယ့်ဇူလိုင်လကစလို့ လီဗာပူးကို စတင်ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ စလော့တ်ဟာ ဒီရာသီမှာ ဖီယင်နုကို အထင်ကြီးလေးစားလောက်စရာ ပုံစံမျိုးနဲ့ ဦးဆောင် ထိန်းကျောင်းနေတာကြောင့်လည်း အခုလိုမျိုး လီဗာပူးက မျက်စိကျခဲ့တာပါ။

စလော့တ်သာ ရောက်လာခဲ့ရင်တော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းနည်းပြတွေထဲမှာ နောက်ထပ် ကတုံးတစ်ယောက် ထပ်တိုးလာခဲ့မှာလည်း ဖြစ်ပါတယ်။ လက်ရှိထိပ်သီးနည်းပြတွေထဲမှာ နာမည်ကျော်ကတုံးတွေအဖြစ် တန်ဟက်ခ်၊ ဂွါဒီယိုလာတို့ ရှိနေတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က