ဝန်ကြီးချုပ်ဆီ အစီအစဉ်အကျဉ်းချုပ်ကို တင်ပြထားတယ်လို့ သိရပါတယ်။

အားကစားအဖွဲ့တစ်ခုက အစိုးရနဲ့အတူ ပရော်ဖက်ရှင်နယ်အားကစားပြိုင်ပွဲတွေကို ကိုယ်စားပြုပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း အဆိုပြုထားကြောင်းလည်း သိရပါတယ်။ 


ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ဆီ ပြန်လည်စတင်နိုင်မယ့်အစီအစဉ်တွေကို အစီရင်ခံထားပြီးနောက် ပရီးမီးယားလိဂ်ဘောလုံးပွဲတွေကို လာမယ့်ရက်သတ္တပတ်တွေအတွင်းမှာ တံခါးပိတ်ပြန်လည်ကျင်းပနိုင်ဖွယ်ရှိတယ်လို့ The Sun က ဖော်ပြသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက တံခါးပိတ်ကျင်းပမယ့် ပွဲစဉ်တွေရဲ့ အခြေအနေနဲ့ အကြောင်းအရာတွေကို ဝန်ကြီးချုပ်ဆီ အစီရင်ခံခဲ့တယ်လို့ သိရတာဖြစ်ပါတယ်။ 

ဘောရစ်ဂျွန်ဆင်ကိုယ်တိုင်ကလည်း နိုင်ငံတွင်းမှာ ပိတ်ဆို့ကန့်သတ်မှုတွေပြုလုပ်ခဲ့ပြီးနောက်မှာ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာပြန်လည်မြင့်တက်လာစေဖို့အတွက် အားကစားပွဲတွေက အရေးပါတဲ့နေရာကနေ ပါဝင်တယ်လို့ ရှုမြင်ထားကြောင်းလည်း သိရပြီး ဒီအစီအစဉ်ကို ခွင့်ပြုပေးဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ 

ပရီးမီးယားလိဂ်အပြင် အခြားသောလိဂ်တွေ၊ ခရစ်ကတ်၊ တင်းနစ်နဲ့ မြင်းပြိုင်ပွဲတွေကလည်း ပြိုင်ပွဲတွေပြန်လည်စတင်နိုင်မယ့် အခြေအနေတွေကို ဝန်ကြီးချုပ်ဆီပေးပို့ထားတယ်လို့ ပြည့်သူကျန်းမာရေးဌာနဲ့ အခြားသောအားကစားကဏ္ဍက လူပုဂ္ဂိုလ်တွေက တရားဝင်ပြောဆိုခဲ့တယ်လို့ သိရပြီး အင်္ဂလန်မှာ အားကစားပွဲတွေကို မကြာမီအချိန်အတွင်း ပြန်လည်မြင်တွေ့ရနိုင်တဲ့ အလားအလာတွေရှိနေခဲ့ပြီဖြစ်ပါတယ်။ 

အဓိကအားဖြင့် ပရီးမီးယားလိဂ်က ဘောလုံးပွဲကျင်းပမယ့် ကွင်းတွေကို အစိုးရဆီက ခိုင်မာတဲ့ခွင့်ပြုချက်ကိုရယူဖို့တောင်းဆိုထားကြောင်း သိရပြီး ကန့်သတ်ထားတဲ့ ကွင်းအနည်းငယ်မှာ ကျင်းပသွားမယ်လို့လည်း The Times က ဖော်ပြခဲ့ပါတယ်။ The Times ရဲ့ ဖော်ပြချက်အရဆိုရင် အားကစားအဖွဲ့တစ်ခုက အစိုးရနဲ့အတူ ပရော်ဖက်ရှင်နယ်အားကစားပြိုင်ပွဲတွေကို ကိုယ်စားပြုပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း အဆိုပြုထားကြောင်းလည်း သိရပါတယ်။ 

ဒါပေမယ့်လည်း ယဉ်ကျေးမှုဝန်ကြီးအိုလီဗာဒေါ်ဒင်ကတော့ ပရီးမီးယားလိဂ်ပွဲတွေကို ရုပ်သံကတိုက်ရိုက်ထုတ်လွှင့်ခဲ့မယ်ဆိုပါက ပရိသတ်တွေအနေနဲ့ သူငယ်ချင်းတွေရဲ့ နေအိမ်မှာ စုဝေးကြည့်ရှုတာမျိုးတွေဖြစ်လာမယ့်အပေါ် စိုးရိမ်နေတယ်လို့သိရပါတယ်။ ပွဲစဉ်တွေကို Sky Sports နဲ့ BT Sports တို့က ထုတ်လွှင့်မှာဖြစ်ပြီးတော့ ဒီလိုအခြေအနေမျိုးတွေ မဖြစ်ပေါ်အောင်လည်း နည်းလမ်းရှာဖွေစဉ်းစားနေကာ ကလပ်အသင်းတွေရဲ့ တရားဝင်ဝက်ဘ်ဆိုက်တွေမှာ ပြသခွင့်ပြုဖို့ကိုလည်း စဉ်းစားနေတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က