ဆစ်ဒနီမြို့ရဲ့ ယခုတစ်ကြိမ် နှစ်သစ်ကိုကြိုဆိုမှုမှာ စံချိန်တင်များပြားတဲ့ မီးရှူးမီးပန်းများ ပစ်လွှတ်ခဲ့ပါတယ်

ကမ္ဘာတစ်ဝှမ်းက ၂၀၁၉ နှစ်သစ်ကို ကြိုဆိုကြရန် ပြင်ဆင်နေကြချိန်မှာ နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့နဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တို့ကတော့ ၂၀၁၉ ကို အစောဆုံး ရောက်ရှိနေခဲ့ကြပြီ ဖြစ်ပါတယ်။ အုတ်ကလန်နဲ့ ဆစ်ဒနီမြို့တို့ရဲ့ အထင်ကရ နေရာတွေမှာ ၂၀၁၉ ကို ကူးပြောင်းရောက်ရှိချိန်က မီးရှူမီးပန်းများ ပစ်ဖောက်ကြိုဆိုခဲ့ကြပါတယ်။

(ဆစ်ဒနီမြို့မှာ ၂၀၁၉ ကို ကြိုဆိုမှုအဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့စဉ်) (Photo: Getty Images)

သြစတြေးလျရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဆစ်ဒနီမြို့မှာ သမိုင်းတစ်လျှောက် အကြီးဆုံး မီးရှူးမီးပန်ပစ်ဖောက်မှုတွေနဲ့အတူ ၂၀၁၉ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ ဆစ်ဒနီမြို့ရဲ့ ယခုတစ်ကြိမ် နှစ်သစ်ကိုကြိုဆိုမှုမှာ စံချိန်တင်များပြားတဲ့ မီးရှူးမီးပန်းများ ပုံစံသစ်၊ အရောင်သစ်တွေနဲ့အတူ မြို့ရဲ့ကောင်းကင်ယံမှာ ရောင်စုံလှပနေခဲ့ပါတယ်။

(ဆစ်ဒနီမြို့မှာ ၂၀၁၉ ကို ကြိုဆိုမှုအဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့စဉ်) (Photo: AP)

ဆစ်ဒနီမြို့ကောင်းကင်ယံမှာ မီးရှူးမီးပန်းတွေကို ၁၂ မိနစ်ကြာ ပစ်ဖောက်ခဲ့ပြီး ဆိပ်ကမ်းနဲ့ ပန်းခြံတွေကနေ လူဦးရေ ၁.၂ သန်းကျော်က စောင့်ကြည့်ခဲ့ကြပါတယ်။ ဆစ်ဒနီမြို့ထက်အရင် ၂၀၁၉ ကို ကြိုရောက်ခဲ့တဲ့ နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့ှာလည်း လှပတဲ့ မီးရှူးမီးပန်းများပစ်ဖောက်ကာ နှစ်သစ်ကိုကြိုခဲ့ကြပါတယ်။

၂၀၁၉ ကို အစောဆုံး ကြိုတင်ရောက်ရှိခဲ့တဲ့ ကမ္ဘာ့နေရာက ဆာမိုအာ (Samoa) ကျွန်းနိုင်ငံငယ်လေးပဲ ဖြစ်ပါတယ်။

(အုတ်ကလန်မြို့မှာ ၂၀၁၉ ကို ကြိုဆိုမှုအဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့စဉ်) (Photo: AP)

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ မြို့ကြီးတွေမှာလည်း ၂၀၁၉ နှစ်သစ်ကို ကြိုဆိုကြရန် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ဟောင်ကောင်ရဲ့ ဗစ်တိုးရီးယားဆိပ်ကမ်းမှာ နှစ်သစ်ကိုကြိုဆိုမှုအဖြစ် ၁၀ မိနစ်ကြာ မီးရှူးမီးပန်းများ ပစ်လွှတ်မှာဖြစ်ပြီး ကမ်းခြေတစ်လျှောက် လူဦးရေ ၃၀၀,၀၀၀ က စောင့်ကြည့်ကြမှာပါ။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာလည်း နှစ်သစ်ကို ကြိုဆိုမှုအဖြစ် ရာနဲ့ချီတဲ့ စုံတွဲတွေက ဆူနာမီရေလှိုင်းဒဏ်ခံခဲ့ရတဲ့ Banten ပြည်နယ်မှာ စုပေါင်းလက်ထပ်ပွဲ ဆင်နွှဲကြမယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာတော့ နှစ်သစ်ကို ကူးပြောင်းရောက်ရှိချိန်မှာ ဘုရားကျောင်းတွေကနေ ခေါင်းလောင်းထိုးသံတွေနဲ့ ကြိုဆိုကြမယ်လို့ သိရပါတယ်။

(မော်စကိုမြို့မှာ နှစ်သစ်ကိုကြိုဆိုရန် ပြင်ဆင်ထားမှု) (Photo: AFP)

ရုရှားနိုင်ငံ မော်စကိုမြို့မှာ နှစ်သစ်ကိုကြိုဆိုတဲ့ ဂီတဖျော်ဖြေပွဲတွေနဲ့ မီးအလှဆင်ယင်ထားမှုတွေကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် ၂၀၁၉ နှစ်သစ်ကိုကြိုမယ့်သူတွေအတွက် ရေခဲ့ပြင်နေရာ ၁၀၀ ကျော်ကိုလည်း မော်စကိုမြို့မှာ ပြင်ဆင်ပေးထားပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာလည်း မီးရှူးမီးပန်းတွေ ပစ်ဖောက်ကာ နှစ်သစ်ကိုကြိုဆိုရန် ပြင်ဆင်ထားပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာတော့ ဂီတချစ်သူတွေအတွက် နှစ်သစ်ကိုကြိုဆိုမှုအဖြစ် Brandenburg Gate မှာ ဂီတဖျော်ဖြေပွဲ ကျင်းပမှာဖြစ်ပါတယ်။ ထို့အတူ ထင်ရှားတဲ့ အခြား ကမ္ဘာ့မြို့ကြီးတွေမှာလည်း ၂၀၁၉ နှစ်သစ်ကို ကြိုဆိုကြရန် အသီးသီး ပြင်ဆင်ထားကြပြီ ဖြစ်ပါတယ်။

Ref: Daily Mail, AFP

Share

Loading Next Article...
က္က