ဘာတွေဖြစ်မလဲ။

ထူးအောင်က သူ့ကို ''the last empress'' ကိုရီးယား ဇာတ်ကားထဲက မင်းသား Shin Sung Rok နဲ့ တူတယ်လို့ ပရိသတ်တွေ မှတ်ချက်ပေးနေကြတဲ့ အပေါ် အခုလို ပြောပြလာပါတယ်.

Photo: Htoo Aung & Shin Sung Rok



ထူးအောင်ကိုတော့ လက်ရှိအောင်မြင်နေတဲ့ ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ ''the last empress'' ကိုရီးယား ဇာတ်ကားထဲက မင်းသား Shin Sung Rok နဲ့ တူတယ်လို့ ပရိသတ်တော်တော်များများက ပြောပြထားပါတယ်. ထူးအောင် ကိုယ်တိုင်ကလည်း Shin Sung Rok နဲ့ သူနဲ့ ကွဲလွဲချက်တွေကို မီဒီယာတွေ ကနေတဆင့် ပြောပြလာပါတယ်.

'' အဲ့ကောင်ကြီးကို မကြိုက်ဘူး. ဒါပေမယ့် တူတယ်တဲ့. သူက ကျွန်တော့်ထက် ပိုပိန်ပါတယ်. ကိုရီးယားမင်းသားနဲ့ တူတယ်ရယ်လို့ မဟုတ်ပါဘူး. ကျွန်တော်က အညာသားရုပ်ပါပဲ. အညာသားက အညာသားရုပ်ပဲပေါ့နော်. အဖေရော အမေရောက နယ်ကပဲလေ အဖေက ကျောက်ပန်းတောင်းက အမေက မကွေးက ကျွန်တော်လည်း ဒီရုပ်ပဲ ထွက်လာမှာပဲလေ နော်. မွေးတာတော့ ရန်ကုန်မှာပဲ မွေးတာပါ'' လို့ သူကဆိုပါတယ်.

Photo: Htoo Aung

ထူးအောင်ဟာ သူ့ကို ဝေဖန်တဲ့ ပရိသတ်တွေလည်း ရှိသလို အားပေးကြတဲ့ ပရိသတ်တွေလည်း ရှိပါတယ်. ဒါကြောင့်လည်း မိန်းကလေး ဖြစ်ဖြစ် ယောကျာ်းလေးဖြစ်ဖြစ် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်.

'' ကျွန်တော့်ကိုယ် ကျွန်တော် ချောတယ်လို့ မထင်ပါဘူး. ကျွန်တော်က နုနုရွရွလည်း မနေတတ်တော့လေ ချောတယ်လို့လည်း ကိုယ့်ကိုယ်ကို မခံစားရပါဘူး. ကိုယ့်ကိုယ်ကို ယောကျာ်းပီသတယ်လို့ ထင်တယ်.စမ်းကြည့်လို့ရပါတယ်. မိန်းကလေး ပရိသတ်တွေပဲ ဖြစ်ဖြစ်. ယောကျ်ားလေး ပရိသတ်တွေပဲ ဖြစ်ဖြစ် ကျွန်တော့်ကို အားပေးကြလို့ ကျေးဇူးအများကြီး တင်ပါတယ်''

Photo:Shin Sung Rok

ထူးအောင်ဟာ အနုပညာအလုပ်တွေ စတင်လုပ်ကိုင်လာခဲ့တုန်းက ပရိသတ်တွေရဲ့ ပြောဆိုသံတွေကို ဂရုတစိုက်ရှိခဲ့တာကြောင့် ကိုယ့်ရဲ့ ခံစားချက်ကိုတောင် ဦးစားမပေးနိုင်ခဲ့ပါဘူးတဲ့။ ဒါကြောင့်လည်း ကိုယ့်ရဲ့ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ ရင်းရင်းနှီးနှီး မရှိခဲ့ရဘူး လို့ပြော ပါတယ်။ အခုဆိုရင်တော့ ကိုယ့်ရဲ့ ခံစားချက်ကို ဦးစားပေးရင်း ရရှိလာမယ့် ရင်းနှီးမှုတွေကို အထိခိုက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

''စိတ်ဆိုးလား ဆိုတော့လည်း စိတ်မဆိုးပါဘူး။ ကျွန်တော့်အတွက်ဆိုရင်တော့ သူတို့ ကိုယ့်ကို တကယ်မသိသေးလို့ပဲ ပြောတာလို့ မြင်တာပေါ့။ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံတွဲရိုက်တာလည်း မဆင်ခြင်ဘူး။ အခုနောက်ပိုင်း ကျွန်တော်လည်း စိတ်ခံစားချက်ကို ပိုပြီးတော့ ဦးစား ပေးလာ တယ်'' လို့ L'oréal Paris Myanmar Red Carpet ပွဲကို တက်ရောက်ရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

Photo: Htoo Aung

Model လောကမှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ ထူးအောင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ထပ်လည်း လက်ခံထားတဲ့ ဇာတ်ကားတွေအများကြီးရှိသေးတယ် လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က