ရန်သူဆိုတာလဲ ခေါင်းထဲ မရှိတော့ဘူး။

ဆိုဖီယာက ကိုရီးယားဇာတ်ကားတွေ အများကြီး ကြည့်ဖြစ်သလို သူမ အရမ်းကြိုက်ခဲ့တဲ့ ကိုရီးယားမင်းသားတွေကိုလည်း ပြောပြလာပါတယ်။ သူမအတွက်တော့ ကိုရီးယားဇာတ်ကားက အရမ်းကိုကောင်းလွန်းနေတယ်လို့ ဆိုပါတယ်။

Photo: ဆိုဖီယာ



ဆိုဖီယာတစ်ယောက် ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ ပတ်သက်ပြီး သူမကိုယ်တိုင် အားပေးခဲ့ရတဲ့ အနုပညာရှင်တွေကို ပြောပြလာပါတယ်။ သူအရမ်းကြိုက်တဲ့ မင်းသားတွေကလည်း ကိုရီးယားအနုပညာလောကမှာ အရမ်းအောင်မြင်နေတဲ့ မင်းသားတွေဆိုတာကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ညီမက ဂျင်ဆန်းမီတို့၊ အွန်စောတို့၊ ဂျွန်စောတို့၊ ထယ်စောက်တို့ ဇာတ်ကားကိုတော့ မီတယ်။ ပြီးတော့ ညီမ အကြိုက်ဆုံးက ဒါရိုက်တာရင်၊ စပိုင်မင်းသား၊ အခုနောက်ပိုင်းလည်း မင်းသားတစ်ယောက်ရှိတယ် နာမည်မေ့နေလို့ အဲဒီမင်းသားကို အရမ်းကြိုက်တယ်။ အခုနောက်ပိုင်းထွက်လာတဲ့ K-Pop မင်းသား မျက်လုံးမှေးမှေးလေးတွေကို မကြိုက်ဘူး။ အရင်တုန်းက မင်းသားတွေ ပိုကြိုက်တယ်လို့’’ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။

Photo: ဆိုဖီယာ

အခုလက်ရှိမှာလည်း ကိုရီးယားဇာတ်လမ်းတွဲတွေကို အမြဲကြည့်တယ်လို့ ဆိုပါတယ်။ English ဇာတ်ကားကိုသာ ကြိုက်တဲ့ သူမကိုတော့ ကိုရီးယားဇာတ်လမ်းတွဲတွေက ဆွဲဆောင်နိုင်ခဲ့တယ်လို့ ဆိုဖီယာက ပြောပါတယ်။

‘’အမှန်တော့ ကိုယ်က K-Pop ကြိုက်တဲ့ မိန်းကလေးတစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမယ့် ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်ပြီး စွဲသွားလိုက်တာ ဘာမှ မကြည့်နိုင်တော့ဘူး။ ဘယ်ကားမှ တိုးလို့လည်း မရတော့ဘူး။ အခုလည်း ကိုရီးယားဇာတ်လမ်းတွဲကြည့်တာ ညလုံးပေါက်ပဲ။ ကိုရီးယားကားကလေ အရမ်းကြည့်လို့ကောင်းတာပဲ။ တကယ်တော့ ညီမ ကြည့်ချင်တာက English ကားပါ။ English ကားပဲ ကြည့်ချင်တာပါ။ ဒါပေမယ့် ကိုရီးယားကားတွေ တော်တော်ကောင်းတယ်ပြောရမယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: ဆိုဖီယာ

ဆိုဖီယာက အခုလက်ရှိထုတ်လွှင့်နေတဲ့ ကိုရီးယားဇာတ်ကားတွေကိုလည်း ကြည့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဇာတ်လမ်းတွဲတွေ အဆက်မပြတ်ကြည့်နေတာကြောင့် သူ့ရဲ့ စိတ်လည်း အေးချမ်းတယ်လို့ ပြောပါတယ်။

‘’ကိုရီးယားကားကြည့်တာ တစ်ခုတော့ကောင်းတယ် အကုသိုလ်မများတော့ဘူး။ ရန်သူကိုလည်း မစဉ်းစားမိတော့ဘူး။ ချစ်တာတွေလည်း မစဉ်းစားမိတော့ဘူး။ ကိုယ်က အဲဒီဇာတ်ကားထဲကိုပဲ စိတ်က ရောက်နေတော့လေ။ စိတ်စုစည်းမှု တစ်ခုလို့ပြောရမလား။ ကောင်းတော့ ကောင်းတယ်’’ လို့ သူကဆိုပါတယ်။

Photo: ဆိုဖီယာ

ဆိုဖီယာကလည်း လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ ရေပန်းစားနေတဲ့ သူတစ်ဦးပါ။ သူမ နောက်ဆုံးထွက်ရှိထားတဲ့ ‘’Medusa’’ သီချင်းကလည်း အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ ဆိုဖီယာကိုတော့

Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက်Crush On You ဆိုတဲ့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အနေနဲ့အွန်လိုင်းကနေပဲ သီချင်းအသစ်တွေ ဖန်တီးပေးနေတာဖြစ်ပါတယ်။ ဆိုဖီယာဟာ ဂီတဘက်မှာအောင်မြင်နေရုံသာ မက သရုပ်ဆောင်အဖြစ်နဲ့လည်း ဇာတ်ကားတွေရိုက်ကူးထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က