ညိမ်းသော်က ကိုရီးယားဇာတ်ကားတွေထဲက အချစ်ဇာတ်ကားပုံစံမျိုး ရိုက်ဖူးချင်တယ်လို့ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း ကိုရီးယားဇာတ်ကားတွေကို အမြဲကြည့်ဖြစ်တယ်လို့ ပြောပါတယ်။
Photo: Nyein Thaw
ညိမ်းသော်က လက်ရှိမှာ သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားတွေရိုက်ကူးလာရသူပါ။ သူကတော့ ကိုရီးယားဆန်တဲ့ ဇာတ်ကားပုံစံလေးတွေရိုက်ချင်တယ်လို့ မီဒီယာအင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။
‘’ကျွန်တော်သွားချင်တဲ့လိုင်းက ယိုးဒယားကားတွေလို၊ ကိုရီးယားကားတွေလို အရမ်း Ro တဲ့လိုင်းကို သွားချင်တာပေါ့။ ပြီးတော့ ဗီလိန်ကာရိုက်တာမျိုးလည်း ရိုက်ချင်သေးတယ်။ လုပ်နိုင်မယ်လို့လည်းထင်ပါတယ်။ တစ်ခါမှတော့ မလုပ်ဖူးဘူး’’ လို့ သူကဆိုပါတယ်။
Photo: Nyein Thaw
ကိုရီးယားဇာတ်ကားတွေကိုလည်း မကြာခဏ ကြည့်တယ်လို့ ဆိုပါတယ်။ ကိုရီးယား မင်းသား၊ မင်းသမီးတွေရဲ့ သရုပ်ဆောင်မှုတွေကိုလည်း သဘောကျတဲ့အကြောင်း သူကပြောပါတယ်။
‘’ကိုရီးယားဇာတ်ကားတွေ ကြည့်ဖြစ်ပါတယ်။ တစ်ခါတလေ ဇာတ်လမ်းတွဲ အရမ်းနာမည်ကြီးတဲ့ဟာတွေဆိုရင်တော့ ဒီအတိုင်းပဲ ထိုင်ကြည့်ဖြစ်တယ်။ ပြီးတော့ ကိုရီးယားဇာတ်လမ်းတိုလေးတွေ ပိုကြိုက်တယ်။ ကိုရီးယားမင်းသား အားလုံးကို သဘောကျပါတယ်။ ဒါပေမယ့် အခုက သိုင်းကားကြည့်ဖြစ်နေတယ်။ ‘’သိမ်းငှက်သူရဲကောင်း’’ဇာတ်ကား ပြန်ကြည့်နေတာ ငယ်ငယ်လေးကတည်းက ကြိုက်ခဲ့ရတဲ့ ဇာတ်ကားပါ’’ ဆိုပြီးတော့ ရင်ခွင်ရှင်းတမ်းရုပ်သံဇာတ်လမ်းတွဲ အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Nyein Thaw
သူကိုယ်တိုင် ကြည့်ရှုအားပေးဖြစ်တဲ့ ဇာတ်လမ်းတွဲတွေကလည်း ဆွဲဆောင်မှုရှိတယ်လို့ ညိမ်းသော်က ဆိုပါတယ်။ သဘောကျတဲ့အချက်တွေကိုလည်း ပြောပြခဲ့ပါသေးတယ်။
‘’ သူတို့တွေရိုက်ထားတာက အရမ်းဆွဲဆောင်မှုရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ဖို့အရေးကို မပြီးတော့ဘူး ဇာတ်လမ်းတွေ ချိတ်နေတာ။ ယိုးဒယား ဇာတ်ကားတွေဆိုလည်း မိုက်ပါတယ်။ အဲဒီဇာတ်ကားတွေဆိုလည်း Friends Zone တို့ ဆိုလည်း အရမ်းမိုက်တယ်’’ လို့ ဆိုပါတယ်။
Photo: Nyein Thaw
ညိမ်းသော်ဟာ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဂျေဒိုးနပ် မုန့်ကြော်ငြာကနေစပြီး ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေရပြီဖြစ်သလို မိန်းကလေး ပရိသတ်များစွာတို့ရဲ့ အချစ်ကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။