မီဒီယာက လူကြီးမင်းတွေနားလည်ပေးကြပါတဲ့။

နေခြည်ဦးက ကိုယ်ရေးကိုယ်တာ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ထပ်မံ ဖြေဆိုတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်. သူမက တော့ လက်ရှိမှာ ပရိသတ် လူဦးရေ ၈ သိန်းကျော်ကို ပိုင်ဆိုင်နေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်.

နေခြည်ဦးက နောက်ဆိုရင် မီဒီယာအင်တာဗျူးတွေမှာ ကိုယ်ရေး ကိုယ်တာ အကြောင်းအရာတွေ မဖြေတော့ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောလာပါပြီ. အဲ့ဒီအတွက်လည်း သူ့ရင်ထဲက စကားသံကို အခုလို ရင်ဖွင့်ထားတာ တွေ့ရပါတယ်.



''သူများ မပြောနဲ့ကိုယ်တောင် ကိုယ့် news feed ကြည့်ပြီး ကိုယ့်ရုပ်ကြီးဘဲ မြင်နေရလို့ အမြင်ကပ်တယ်။ Interview ဆရာများရှင့် နောက် သမီးနေခြည်ပွဲအကြောင်းများမှတစ်ပါး Personal များမဖြေတော့ရင် နားလည်ပေးပါ။ သိုင်းလောကက ခဏနားပါမည်။'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်.

အဲ့ဒီနောက် သူ့ရဲ့ Comment မှာလည်း နေခြည့်ရဲ့ စိတ်ခံစားချက်ကို ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်.ပရိသတ်တွေကတော့ နေခြည်ဦးကို အားပေးစကားတွေ ပြောပြထားတာ တွေ့ရပါတယ်.

''  ဖြေမှန်းသိတော့ မေးတယ်။ မေးတိုင်းလည်း ဖြေတယ်။ ဂယက်ဖြစ်အောင်မေးတယ်။ ဖြေတဲ့သူကလည်း ဖြေတယ်။ တစ်ခါတစ်လေ ကိုယ့်မှာလည်း ကိုယ့်အကြောင်းတွေတင်ဖို့ ထောင်ထားတဲ့ page ရှိနေတာ မေ့မေ့နေတယ်။ တော်ပြီ နောက်ဆို ပြောစရာရှိရင် page မှာ live လွှင့်မယ်။ ဒါဘဲ။ နားဘီ'' လို့ ရေးသားခဲ့တာပါ.

နေခြည်ဦး တစ်ယောက် ဒီဇင်ဘာလ ၇ ရက်နေ့မှာပဲ သူ့ကို အားပေးတဲ့ ပရိသတ်ပေါင်း ၈ သိန်းကို ပိုင်ဆိုင်ခဲ့ရပြီလို့ ဆိုပါတယ်။ သူကိုယ်တိုင် ကလည်း follower ၈သိန်း ပြည့်ရမယ်ဆိုတာကို အစကတည်းက ရည်ရွယ်ချက် ရှိခဲ့ဖူးတဲ့ အကြောင်းကို ပြောပြလာပါတယ်။

'' ဒီနေ့ နေခြည့် personal account လေး Follower ၈ သိန်းပြည့်သွားပါပြီ။ နေခြည့် ၂၀၁၈ planner စာအုပ်လေးက မကုန်သေးတော့ ဒီနှစ် အတွင်း follower ၈သိန်း ပြည့်ရမယ်လို့ နေခြည် plan ခဲ့ဖူးတာ မှတ်မိနေတယ်။ ကိုယ့်ဟာကိုယ် စာအုပ်ဗြောင်မှာလုပ်ထားရတဲ့ Planner စာအုပ် လေးဆိုတော့ date တွေပြန်ရှာရတာ သိပ်ခက်တာဘဲ။ feb တစ်ရက်နေ့ တုန်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ ရေးခဲ့တာလေး အခု ပြန်ရှာတွေ့မိတော့ မျက်ရည်တောင်ဝဲတယ်။ နေခြည်လုပ်နိုင်ခဲ့ပြီလေ'' လို့ ဆိုပါတယ်။

Photo: နေခြည်ဦး

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က