Lady Boy ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်ထားတဲ့ ကာရိုက်တာပါ။

ကျော်ကျော်ဗိုဟာ Lady Boy ရုပ်ရှင်ဇာတ်ကားကြီးကို ပြန်ကြည့်ရတော့မှာဖြစ်လို့ ရင်ခုန်နေပြီလို့ ဆိုပါတယ်။ ဒီဇာတ်ကားကို ထိုင်းနိုင်ငံမှာ ရက် ၂၀ အကြာ သွားရောက်ရိုက်ကူးသွားခဲ့တာ ဖြစ်ပါတယ်။

Photo: Kyaw Kyaw Bo



ကျော်ကျော်ဗိုဟာ Lady Boy ရုပ်ရှင်ဇာတ်ကားထဲက ကာရိုက်တာကို သူကိုယ်တိုင် ပြန်ကြည့်ရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ သူ့ရဲ့ ကာရိုက်တာကတော့ Club မှာ Sexy Dance ကတဲ့ လူငယ်တစ်ယောက်ပါတဲ့။

‘’ကိုယ့်ကိုယ်ကိုပြန်ကြည့်ရမှာ ရင်ခုန်နေတဲ့ ရုပ်ရှင်ကား၊ အဲဒီ အထဲမှာကျွန်တော့်အလုပ်က " ဂျီဂျီ ( gg ) " ပေါ့။ ဒီဘဲနာမည်က ကျော်ကျော်နိုင်။ Clubမှာ Sexy Dance ကတဲ့အလုပ်ကိုလုပ်ပြီး မိန်းကလေးတွေရဲ့ အသည်းစွဲ။ အက ဖျော်ဖြေရေးသမား အလုပ်အပြင် ဂွင်အကြီးကြီးတွေဆို သီးသန့်လိုက်ဖျော်ဖြေပေးတဲ့ ( Gigolo ) အလုပ်နဲ့ စီးပွားရေးဖြောင့်နေတဲ့ မြန်မာနိုင်ငံသားလေး။ မြန်မာနဲ့ထိုင်း ပူးပေါင်းရိုက်ကူးထားတယ့် "LadyBoy" ရုပ်ရှင်ဇာတ်ကားကြီး ကို 6.6.2019 မှာ ရုံတင်ပြသတော့မည်’’ ဆိုပြီးတော့ မေလ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Kyaw Kyaw Bo

LadyBoy ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ(၆) ရက်နေ့ကစပြီး မင်္ဂလာရုပ်ရှင် ရုံကြီးများမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ Ladyboy ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၈ခုနှစ်၊စက်တင်ဘာလ ၅ ရက်နေ့က စပြီး ထိုင်းနိုင်ငံမှာ ရက် ၂၀ အကြာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကား ထဲမှာ သရုပ်ဆောင် ပြေတီဦး၊ ခန့်စည်သူ၊ ကျော်ကျော်ဗို၊ ဂျိုကာနဲ့ အိချောပိုတို့နဲ့ အတူ ထိုင်းမင်းသမီးလေး ကဒါဖီကလည်း အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။


Photo: Kyaw Kyaw Bo

ကျော်ကျော်ဗိုဟာ နိုင်ငံကျော် ရွှေမန်းဦးတင်မောင်၊ ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်းတို့ရဲ့ အနုပညာမျိုးဆက်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ကျော်ကျော်ဗိုရဲ့ အနုပညာသက်တမ်းကလည်း အနှစ် ၂၀ ကျော်သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဇာတ်သဘင်ဘက်မှာလည်း အနုပညာလှုပ်ရှားမှုတွေရှိခဲ့ပါသေးတယ်။ သူဟာ မကြာသေးခင်က ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘’ မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က