အားလုံးနဲ့တော့ အဆင်ပြေအောင်နေပါတယ်။

ရွှေသမီးကတော့ အနုပညာအလုပ်တွေ လုပ်နေရရင်ပျော်နေတတ်သူဖြစ်တာကြောင့် သူ့ကို ချေတဲ့သူတွေ ရှိမရှိတောင် သတိမရပါဘူးတဲ့။ သူကိုယ်တိုင်ကလည်း အနုပညာအလုပ်စလုပ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကလည်း များတယ်လို့ဆိုပါတယ်။

Photo: Shwe thamee

ရွှေသမီးကတော့ အခုဆိုရင် အနုပညာသက်တမ်း ၁၀ စုနှစ်နီးပါးကို ရောက်ရှိလို့လာနေပြီဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်ကို ဝါသနာကြီးလွန်းသူဖြစ်တာကြောင့် မန္တလေးကနေ ရန်ကုန်မှာရှိတဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာပါ။ အနုပညာမျိုးရိုးမရှိသူဖြစ်တာကြောင့် အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကိုယ်က မန္တလေးသူလေ။ ကိုယ်တိုင်က အလုပ်စလုပ်ပြီဆိုကတည်းက ဒီအနုပညာအလုပ်ပဲ စလုပ်တာဆိုတော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့ စကားအပြောအဆိုအပြုအမူ၊ အနေအထိုင်တွေက ရန်ကုန်နဲ့ အရမ်းကြီးကွာခြားတယ်။ လူမျိုးစုံနဲ့တွေ့ရတယ်၊ စိတ်မျိုးစုံနဲ့တွေ့ရတယ်။ အဲဒီအချိန်မှာ ခံစားရတဲ့ ခံစားချက်ကြီးက ပြန်ပြောရင်တောင် ကြောက်စရာကောင်းသလို ပုံစံမျိုးဖြစ်တယ်ပေါ့လေ’’ လို့ သူကဆိုပါတယ်။

Photo: Shwe Thamee

သူမဟာ အနုပညာလောကမှာ စီနီယာကျတဲ့သူတိုင်းကို လေးလေးစားစားဆက်ဆံတယ်လို့ဆိုပါတယ်။ အနုပညာလောကသားအချင်းချင်းလည်း ချစ်ချစ်ခင်ခင်နေချင်တယ်လို့ ဆိုပြီးတော့ သြဂုတ်လ ၂၄ ရက်နေ့က ရန်ပုံငွေ ဘောလုံးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ ဘယ်သူမဆိုလေ ကိုယ့်အပေါ်၊ ဟိတ်နဲ့ ဟန်နဲ့နေတာမျိုး၊ မရှိသလို ဆက်ဆံတာမျိုး ဘယ်သူ့မှ မခံချင်ဘူး။ အားလုံးကချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင်နေချင်ကြတယ်။ အလုပ်မှာလည်း အဲဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတဲ့အခါ၊ မတည့်တဲ့အခါ အလုပ်လုပ်လို့ မကောင်းဘူး။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ရမယ်၊ ယုံကြည်ရမယ်၊ လေးစားရမယ်။ ဘယ်လောက်ပဲရွယ်တူပဲပြောပြော အလုပ်လုပ်တဲ့နေရာမှာ ကိုယ့်ထက် စီနီယာကျတဲ့လူတွေရှိတယ်။ သူတို့တွေကို ကိုယ်က Respect ပေးရမယ်။ ဒါကတော့ ရှုတင်မှာ ရှိသင့်တယ်ပေါ့ ဒါလေးကိုတော့ သတိထားဖြစ်တယ်’’ လို့ ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Shwe Thamee

ရွှေသမီးဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူလည်းဖြစ်တာကြောင့် အားလုံးနဲ့ အဆင်ပြေအောင်နေတယ်လို့ ဆိုပါတယ်။ သူ့ကို ချေမယ့်သူ၊ မနာလိုတဲ့သူတွေ ရှိ မရှိတောင် မသိဘူးလို့ ပြောပါတယ်။

‘’ ချေတဲ့သူတွေ ရှိမရှိတော့ သတိမထားမိဘူး။ သူများလည်း ချေချင်တဲ့သူချေ ညီမက သတိမထားမိဘူး။ ရှိခဲ့ရင်လည်း ပြောပါမယ်လို့ အင်တာဗျူးမှာလေ။ အခုတော့ မရှိသေးဘူးထင်တာပဲ။ ရှိရင်လည်း သူ့ကို ကိုယ်က မမြင်ဘူးလေ။ ကိုယ့်ဘာသာ တခြားသူတွေနဲ့ ပျော်နေတဲ့အတွက် တစ်စုံတစ်ယောက်က အဲဒီလိုဖြစ်နေရင်လည်း ကိုယ်က မသိဘူး။ ရှုတင်ကိုလည်း ပျော်ပျော်ပါးပါးရိုက်ပြီး ပြီးသွားတာပဲ။ တခြားသူ ဘာဖြစ်နေလဲ ကိုယ်မသိဘူး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Shwe Thamee

ရွှေသမီးဟာ အနုပညာပျိုးခင်ကနေ စင်တင်ပေးခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပရိသတ်အချစ်တွေ အများ ကြီး ပိုင်ဆိုင်နေတဲ့ မင်းသမီးဆိုရင်လည်း မမှားပါဘူး။ ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ် ကား ကြီး တွေလည်း အများကြီးပါ။ မကြာခင်မှာလည်း ကယားပြည်နယ်မှာ ခရီးသွားကောက်ကြောင်း ၇ အတွက် သွားရောက်ရိုက်ကူးဖြစ်မယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က