နာမည်တောင် ပေးခဲ့ပါသေးတယ်တဲ့.

နန်းသူဇာက သူ့ကိုယ်သူ ယောကျ်ားလေး တစ်ယောက်အဖြစ် စိတ်ကူးယဉ်ပြီး ယောကျ်ားဆန်ဆန် နာမည်တွေတောင် ပြောပြလာခဲ့ပါတယ်. လက်ရှိမှာတော့ အနုပညာအလုပ်တွေ စေ့စေ့စပ်စပ် သိပ်မလုပ်ဖြစ်သေးပါဘူး

ချစ်စရာ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ နန်းသူဇာက တကယ်တော့ ယောကျ်ားလေး တစ်ယောက်ဖြစ်ချင်ခဲ့တာပါတဲ့. ဒီလိုပဲ သူ့စိတ်ကူးထဲမှာလည်း ယောကျ်ားလေးတစ်ယောက်ပုံစံဖြစ်လာဖို့ တွေးခဲ့ဖူးတဲ့ အမှတ်တရတွေကိုလည်း အခုလိုပြောပြလာပါတယ်.



'' ငယ်ငယ် က ယောက်ျားလေးဖြစ်ချင်ခဲ့ဖူးတုန်းက ကိုယ့်ကို ကိုယ် Nanda Maung ဆိုပြီး နာမည်လျောက်ပေးခဲ့ဖူးတယ် .အဲလိုတွေလဲ ဘယ်သူမှမသိအောင် ရူးခဲ့ဖူးပါတယ် Hehehe '' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်. အဲ့ဒီနောက် ယောကျ်ားလေး တစ်ယောက်လို့ ထင်မှားရလောက်တဲ့ သူ့ရဲ့ ဓာတ်ပုံတွေကလည်း တင်ခဲ့တာကို တွေ့ရပါတယ်.

နန်းသူဇာကတော့ လက်ရှိမှာ ပွဲတွေ တက်ဖြစ်နေသလို သီချင်းတွေလည်း ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ အတွဲခွေများစွာ မှာ သီချင်းပါဝင်သီဆိုဖူးထားတဲ့ နန်းသူဇာကတော့ တစ်ကိုယ်တော်အခွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သီချင်းပိုင်းကိုပဲ စိတ်ဝင်စားတဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းကို ကူးဖို့ အစီအစဉ်မရှိပါဘူးတဲ့။

နန်းသူဇာဟာ လူငယ်အဆိုတော်တစ်ယောက်ဖြစ်သလို ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ အတူ Friend စီးရီးခွေကို ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ လက်ရှိ အချိန်မှာ Rapper အဆိုတော် ကျော်ထွဋ်ဆွေနဲ့ ချစ်သူသက်တမ်း ၇ နှစ်ကျော်လာပြီလို့ ဆိုပါတယ်.

ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ရဲ့ Relationship ကို ၂၀၁၁ ခုနှစ်ကတည်းက ပရိသတ်တွေ ကို ချပြခဲ့တာဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ဟာ Let's Go ခရီးသွားအစီအစဉ်တွေမှာလည်း အတူတူ ပါဝင်ခဲ့ကြပါ တယ်။ ကျော် ထွဋ်ဆွေရဲ့ Music MTV တွေမှာလည်း နန်းသူဇာက ပါဝင်ခဲ့ပါသေးတယ်။

Photo: နန်းသူဇာ


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က