Bella က ကိုယ့်ကိုယ်ကိုယ်အရမ်းချစ်လို့ Single တစ်ယောက်ဖြစ်နေပါတယ်တဲ့။ ဒါပေမယ့်လည်း အိမ်ထောင်ရေး ကံကောင်းတဲ့ သူငယ်ချင်းလေးအတွက်တော့ ဝမ်းသာပီတိဖြစ်တဲ့အကြောင်း ပြောပြထားပါတယ်။
Photo: Y
အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်ရင်ကို ဖမ်းစားထားတဲ့ အလှမယ်လေး Bella က Single တစ်ယောက်ဖြစ် နေရတဲ့ အကြောင်းအရင်းကို ပြောပြလာပါတယ်။ သူ့ကိုယ်သူလည်း အရမ်းချစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
‘’ Single တွေ ဘာကြောင့်လှသလဲ ဆိုရင်တော့ ကိုယ့်ကိုကြည့်ပါပေါ့။ အိပ်ပြီလား၊ စားနေပြီလား၊ ဘာစားပြီးပြီလဲ၊ ဘယ်ရောက်နေပြီလဲ ဆိုတာတွေက ကိုယ့်ထက် သူ့ကို ပိုချစ်နေရသလိုပဲဆိုတော့ Single တစ်ယောက်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အရမ်းချစ်တယ်။ အဲဒီအတွက် Single ဖြစ်နေတာ’’ လို့ သူကဆိုပါတယ်။
Photo: Bella
အဲဒီနောက် Bella ဟာ သူငယ်ချင်းဖြစ်သူ မြတ်ပုဏ္ဏမီနိုင်ရဲ့ အိမ်ထောင်ရေးကိုလည်း အားကျမိပါတယ်တဲ့။ အိမ်ထောင်ရေး ကံကောင်းလှတဲ့ မြတ်ပုဏ္ဏမီနိုင်အတွက်ကိုလည်း ဝမ်းသာပီတိဖြစ်မိတဲ့အကြောင်းကို Revlon ပစ္စည်းသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
‘’အမှန်အတိုင်းပြောရရင် အားကျပါတယ်။ သူ့ကို အရမ်းချစ်ပြီး အရမ်းဂရုစိုက်တဲ့ မိသားစုကို ရလာတဲ့အတွက် Bella သူ့ကို အရမ်းလည်း ကျေနပ်တယ်။ အရမ်းလည်း အားရတယ်။ ဒီခေတ်ကြီးထဲမှာ အရမ်းဂရုစိုက်ပြီး ချစ်တတ်တဲ့သူမျိုး၊ မိသားစုမျိုး ရလိုက်တယ်ဆိုတာက နောက်ထပ်မိသားစုတစ်ခုကို ရလိုက်သလိုပဲလေ။ သူကိုယ်တိုင်က လိမ္မာတယ်၊ စိတ်ထားကောင်းတဲ့အတွက် ကံကောင်းတယ်ဆိုတာ Bella ယုံကြည်တယ်’’ လို့ ဆိုပါတယ်။
Photo: NYD
Bella ဟာ အချစ်ရေးနဲ့ပတ်သက်ပြီး သတင်းတွေ တည်ငြိမ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကိုယ်တိုင်ကလည်း ချစ်သူထားဖို့အပြင် အိမ်ထောင်ပြုဖို့အတွက်ပါ အဆင်သင့်မဖြစ်သေးဘူးလို့ သူကဆိုပါတယ်။
‘’ သူနဲ့ ကိုယ်နဲ့က တခြားဟာတွေ အမြဲတမ်းတူပေမယ့် ဒီဟာကတော့ မတူဘူူးပေါ့နော်။ ကိုယ်ကိုယ်တိုင်ကလည်း အိမ်ထောင်ပြုတဲ့အထိ အဆင်မပြေသေးဘူး။ Redy မဖြစ်သေးဘူး။ သူက ကိုယ့်ထက်ပိုပြီး ရင့်ကျက်တယ်လို့ပြောရမယ်။ အိမ်ထောင်တစ်ခုဆိုတာထက် Relationship တစ်ခု မြဲအောင် ဘယ်လို လုပ်ရမယ်ဆိုတာကိုတောင် Bella မသိသေးဘူး။ အားကျရုံက လွဲလို့လည်း ဘာမှ မလုပ်နိုင်သေးပါဘူူး’’ လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: Triangle
Bella ဟာ Miss Myanmar World 2016 နိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲပြီးသွားတဲ့နောက်မှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းဓာတ်ပုံတွေ လည်းရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်လာရင်တော့သရုပ်ဆောင်ဘက်ကိုလည်း အခွင့်အရေးပေးခဲ့မယ်ဆိုရင် ကြိုးစားချင်သေးတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Share