ကိုယ့်ကိုချစ်တဲ့ မိတ်ဆွေ၊ အပေါင်းအသင်းတွေရှိတယ်။

ချမ်းချမ်းက သမီးလေး မြမိုးဂင်္ဂါအတွက် ပထွေးလည်း မထားသလို မိထွေးလည်း မလိုဘူးလို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း ချစ်ရ ခင်ရသူတွေ အနားမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေတယ်လို့ ပြောပါတယ်။

အဆိုတော် ချမ်းချမ်းက တစ်ဦးတည်းသော သမီးလေး မြမိုးဂဂါၤကို Single Mother တစ်ယောက်အဖြစ် စောင့်ရှောက်နေသူပါ။ သူမ အတွက် နောက်ထပ် အိမ်ထောင်ဘက်လည်း မလိုအပ်သလို သမီးလေးအတွက် ပထွေးလည်း မထားချင်ဘူးလို့ ဆိုပါတယ်။

‘’ အစ်မ သမီးကို ပထွေးလည်း မထားချင်ဘူး၊ သူ မိထွေးလည်း မလိုဘူး။ အစ်မတို့သည် အသွေးနဲ့ အသားနဲ့ တည်ဆောက်ထားတဲ့ အတွက်ကြောင့် ကိုယ်ဝမ်းနည်းတဲ့အချိန်၊ ကိုယ်အားငယ်တဲ့ အချိန်မျိုးမှာ ကိုယ့်ကို ဖေးမမယ့် မိသားစု၊ သူငယ်ချင်း၊ အသိုင်းအဝိုင်း၊ မိတ်ဆွေ ဆိုတာကလိုအပ်တယ်လေ။ အဲဒီနည်းနဲ့ပဲ သွားမှာပါ’’ လို့ အဆိုတော် ချစ်သုဝေရဲ့ ‘’ကတိ’’ အခွေ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။


Photo: ချမ်းချမ်း

ချမ်းချမ်းက ကိုယ်ချစ်ရတဲ့သူထက် ကိုယ့်ကို ချစ်တဲ့သူတွေ အနားမှာ စိတ်ချမ်းချမ်းသာသာ နေထိုင်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ပျော်ရွှင်ရတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

‘’ အဓိက ကတော့ ကိုယ့်ကိုယ်ကိုယ် ပျော်အောင် နေဖြစ်သွားတာပဲ။ ပြီးတော့ ကိုယ်ချစ်တဲ့ သူတွေ အနားမှာနေတယ်။ အဓိက ကတော့ ကိုယ့်ကိုချစ်တဲ့သူတွေအနားမှာပေါ့။ ကိုယ်ချစ်တဲ့ သူအနားမှာနေရင်တော့ တော်တော်ပင်ပန်းတယ်။ အစ်မရဲ့ ကျန်ရှိတဲ့ ဘဝကိုတော့ အစ်မကိုချစ်တဲ့သူတွေ အနားမှာချင်တယ်။ အဲဒီအတွက်ကြောင့် စိတ်ချမ်းသာတယ်’’ လို့ သူကပြောပါတယ်။

Photo: ချမ်းချမ်း

ချမ်းချမ်းဟာ အိမ်ထောင်ဘက်နဲ့ လမ်းခွဲသွားပြီးတဲ့ နောက်မှာတော့ အနုပညာအလုပ်တွေ ပိုလုပ်လာတဲ့အပြင် သမီးလေးကိုလည်း ပိုပြီးတော့ အချိန်ပေးဖြစ်နေတာ တွေ့ရပါတယ်။ နောက်ထပ် ချစ်ရမယ့် သူလည်း မရှိဘူးလို့ ဆိုပါတယ်။

‘’ မိန်းကလေးပဲ ဖြစ်ဖြစ်၊ ယောကျ်ားလေးပဲ ဖြစ်ဖြစ် ကိုယ့်အပေါ်ကောင်းတယ်ဆိုရင် ပျော်တာပဲလေ။ ကိုယ်စိတ်ညစ်နေတယ်ဆိုရင် ထွက်ပေါက်အနေနဲ့ ကိုယ့်သူငယ်ချင်းတွေ၊ ကိုယ့်ကိုချစ်တဲ့သူတွေက ဘေးနားမှာ ရှိတယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ယူဖို့အထိတော့ ဘယ်သူ့ကိုမှ မစဉ်းစားပါဘူး’’ လို့ သူကဆိုပါတယ်။

Photo: ချမ်းချမ်း

ချမ်းချမ်းဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူဟာ ‘’ တစ်ကယ်ဆိုရင် အချစ်ပဲ လိုတယ်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေတဆင့် ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တာပါ။ အဲဒီနောက် ‘’အိပ်မက်’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ တတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ သို့..’’ ဆိုတဲ့ အခွေကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ဆုံး ထွက်ရှိထားတာပါ။

Share

Loading Next Article...
က္က