'' ဝသောသူကို ကြင်နာပါတဲ့''။

စမိုင်းလ် က ‘’ဝသောသူကို ကြင်နာပါ’’ ဆိုတဲ့ ကိုယ်ပိုင်စာအုပ်လေးကို မကြာခင် ထုတ်ဝေသွားမှာဖြစ်ပါတယ်။ ဒီစာအုပ်လေးကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကိုလည်း ပြောပြလာပါသေးတယ်။

Photo: စမိုင်းလ်


စမိုင်းလ်က သူကိုယ်တိုင်ရေးသားထားတဲ့ ‘’ ဝသောသူကို ကြင်နာပါ’’ ဆိုတဲ့ စာအုပ်လေးကို မကြာခင် ပရိသတ်တွေ လက်ထဲ အရောက်ပို့ပေးတော့မယ်လို့ သိရပါတယ်။ ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

‘’ Smile ရဲ့ Sharing is Caring ဝသောသူကိုကြင်နာပါဆိုတဲ့ စာအုပ်လေး ထွက်ပါပြီ။ ဘယ်လိုဝိတ်ချထားတယ်ဆိုတာတွေ ဘယ်လိုစားသောက်ရတယ် လေ့ကျင့်ခန်းလုပ်နည်းတွေပါမကျန် အကုန်နားလည်သိသလောက်ကို အကုန်ရေးထားပေးတယ်’’ လို့ သူကဆိုပါတယ်။

Photo: စမိုင်းလ်

‘’ ဝသော သူကို ကြင်နာပါ’’ စာအုပ်ထဲမှာတော့ စမိုင်းလ်ရဲ့ ကိုယ်တွေ့ အကြောင်းအရာတွေကို ရေးသားထားတာ ဖြစ်ပါတယ်။

‘’ဆရာကြီးလုပ်တာမဟုတ်ပဲတကယ်ကြုံတွေ့ခံစားထားရတာတွေကိုရေးပြထားတာမို့လို့ရင်ဘတ်ချင်းတူပြီးနားလည်မယ်လို့မျှော်လင့်ထားပါတယ်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက် ၁၁ နာရီက ‘’ စမိုင်းလ်ရဲ့ ဝသောသူကို ကြင်နာပါစာအုပ်ထုတ်ဝေခြင်း နဲ့ လက်မှတ်ရေးထိုးပွဲ’’ Event မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: စမိုင်းလ်

စမိုင်းလ်က သူ့ရဲ့ ကိုယ်ပိုင်စာအုပ်လေးကလည်း ချစ်သူစုံတွဲလေးတွေ အတွက် အမှတ်တရကောင်းလေးတွေ ဖြစ်ပေါ် စေမှာပါလို့ ဆိုပါတယ်။

‘’၁၄ရက်နေ့မှာကျရောက်မဲ့Valentine’s Day ချစ်သူများနေ့အတွက် ကိုယ့်ချစ်သူကိုလှစေချင်သူတွေ၊ ခန္တာကိုယ်ကြောင့်စိတ်အားငယ်သူတွေ အတွက် ခွန်အားရစရာစာအုပ်လေးတစ်အုပ်ဖြစ်လို့ ချစ်သူတွေ အတွက်ဝယ်ပေးဖို့အသင့်တော်ဆုံးပေါ့။၁၀ရက်နေ့တွေ့မယ်နော် ‘’ လို့ ဆက်လက်ပြောပြထားတာ တွေ့ရပါတယ်။

Photo: စမိုင်းလ်

သရုပ်ဆောင်စမိုင်းလ်ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် အလှူအတန်း တွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ်နဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က