ဖုန်းတွေကို Power Off လုပ်ကြည့်ပါ။

မျိုးကျော့မြိုင်က ကိုယ်ပိုင်အရည်အချင်းတွေကို ဖုန်း ပေါ်မှာသာအသုံးပြုတတ်ကြတဲ့ လူငယ်တွေ အတွက် ပညာပေးစကားပြောပြထားပါတယ်။

Photo: မျိုးကျော့မြိုင်



အဆိုတော်မျိုးကျော့မြိုင်က ဒီနေ့ခေတ်လူငယ်တွေ အနေနဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို အသုံးချတဲ့နေရာမှာ မလွဲမှားစေဖို့ ပညာပေးစကားပြောပြလာပါတယ်။

‘’ကျွန်တော်တို့အားလုံးဟာ ကိုယ့်မှာရှိတဲ့အရည်အချင်းအားလုံးကို ကိုယ်ပိုင်တဲ့ Smart Phone တွေပေါ်မှာဘယ်လောက်ထိ အချိန်ပေး ပုံအပ် အားကိုး မှီခို ယုံကြည်ပြီး သွားနေတယ်ဆိုတာ သိချင်ရင် ကိုယ့် မှာရှိတဲ့ phone တွေအကုန်လုံးကို power off လုပ်ပြီး နေကြည့် ကြည့် ပါလား ၊ ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာရေးသားခဲ့ပါတယ်။

Photo: မျိုးကျော့မြိုင်

အဆိုတော်မျိုးကျော့မြိုင်ကတော့ အခုလက်ရှိမှာ AES Myanmar ဂီတသင်တန်းကျောင်းတည်ထောင်သူ တစ်ယောက်ဖြစ်ပြီး MMDC Myanmar သင်တန်းကျောင်းမှာလည်း သင်တန်းနည်းပြဆရာတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် Myanmar Idol Season 2 မှာလည်း အကဲဖြတ်ဒိုင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

Photo: မျိုးကျော့မြိုင်

မျိုးကျော့မြိုင်က လက်ရှိမှာလည်း ဂီတအလုပ်တွေ လုပ်နေသူတစ်ဦးပါ။ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲဖြစ်တဲ့ "Into The Acoustic" One Man Show ကို Hexagon Complex မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Photo: မျိုးကျော့မြိုင်

မျိုးကျော့မြိုင်ဟာ ဂီတလောကထဲမှာ ဆယ်စုနှစ်ကျော်အကြာ အောင်မြင်လာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၁၉၉၂ ခုနှစ်ကတည်းက S.A.E ( School Of Engineering)မှာ လေ့လာသင်ကြားရင်းနဲ့ ဂီတအလုပ်တွေ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က