Page အတုတွေ အများကြီးရှိတယ်လို့ပြောပါတယ်။

ချစ်သုဝေဟာ သမီးလေး ခေတ်နဲ့ သစ် တို့အတွက် သူကိုယ်တိုင်ထောင်ထားတဲ့ Chit Thu Wai ဆိုတဲ့ Page လေးကို ပရိသတ်နဲ့ မိတ်ဆက် ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ အနုပညာအလုပ်ထက် သမီးလေးတွေအတွက်ကို ပိုပြီး အချိန်ပေးဖြစ်နေတယ်လို့ သိရပါတယ်။



Photo: Chit Thu Wai Page

 

ပရိသတ်တွေရဲ့ အချစ်တော် ကလေးလေးတွေဖြစ်တဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့အတွက် မေမေ ချစ်သုဝေကတော့ Offical Page အသစ် တစ်ခုဖြစ်တဲ့ Chit Thu Wai ဆိုတဲ့ Page ဖွင့်လိုက်ပါပြီ။ ပရိသတ် သိပြီးသား Page တွေက စီးပွားရေးအရ သုံးစွဲနေကြတဲ့ Page အတုတွေ ဖြစ်တာကြောင့် မယုံမိကြဖို့ ကိုလည်း ချစ်သုဝေက ပြောပြခဲ့ပါသေးတယ်။

''Treza သုံးမယ့် တစ်ခုတည်းသော page အစစ်ပါ။ Like million ချီပြီးရနေတဲ့, သမီးလေးတွေပုံကိုစီးပွားအကျိုးအတွက်သုံးနေကြတဲ့, Page အတုတွေကိုလည်း unlike လုပ်ပေးကြပါနော်။ Likeများနေတဲ့pageအတုတွေဆို report လုပ်ရတာမလွယ်လို့ပါနော်။  အားလုံး စိတ်ချမ်း မြေ့ပါ စေ'' ဆိုပြီးတော့ စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။

Photo: Chit Thu Wai Page

 

ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မေမေချစ်သုဝေက သမီးလေးတွေအတွက် ကိုယ်တိုင် ချက်ပြုတ်ကျွေးရမှ ကျေနပ်သူပါ။ သမီးလေးတွေအတွက် အချိန်ပေးပြီး အနီးကပ် ပြုစုပေးနေသလို အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသူပါ။ သမီးလေး တွေရဲ့ အစားအသောက်ကိုလည်း သူကိုယ်တိုင် ချက်ကျွေးတယ်လို့ ဆိုပါတယ်။

Photo: Chit Thu Wai Page

 

သူမရဲ့ ပရိသတ်တွေကတော့ သမီးလေးကို စောင့် ရှောက် ရင်း သူမရဲ့ ကျန်းမာရေးကိုပါ ဂရုစိုက်ဖို့ ပြောထားကြပါတယ်။ချစ်သုဝေဟာ သမီးလေးအတွက်လည်း မိခင်ကောင်းတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေသလို ပရိသတ်တွေအတွက်လည်း သူမရဲ့ အနုပညာအသစ်တွေကို ချပြနိုင်ဖို့ ကြိုးုစားနေသူပါ။

Photo: Chit Thu Wai Page

 

ခေတ်နဲ့ သစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးလေးနှစ်ယောက်ဟာ မိဘတွေမပြောနဲ့ မြင်တဲ့သူတိုင်းက မချစ်ဘဲ မနေနိုင်လောက် အောင်ကို ချစ်စရာ ကောင်းလွန်းလှပါတယ်။

ခေတ်လေးသစ်လေးတို့နဲ့အတူ စင်ကာပူမှာ ပျော်နေတဲ့ ချစ်သုဝေ 

မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ပုံလေး တွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်း နဲ့ချီ ရှိနေတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က