မဟာဝိဟာရ ကျောင်းတိုက်မှာ အလှူအတန်းတွေ လုပ်ခဲ့ပါတယ်။

ပိုပို တစ်ယောက် အလှူအတန်းတွေလုပ်ရမယ်ဆို အမြဲတမ်း တက်ကြွနေတတ်သူပါ။ အခုလည်း ကိုယ်တိုင်အလှူလုပ်ရတာ အားမရလို့ နောက်ထပ် အလှူရှင်တွေ ရဖို့ နိဗ္ဗာန်ဆော် တောင် လုပ်ခဲ့ပါသေးတယ်တဲ့။

Photo: Po Po

အဆိုတော်မလေး ပိုပိုက အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ အခုလည်း ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာမှာရှိတဲ့ မဟာဝိဟာရ ကျောင်းတိုက်မှာ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

‘’မဟာဝိဟာရ ဓမ္မဝိနယ ပင်မသုံးထပ် စာသင်ဆောင် အတွက် အလှူငွေ ၆ သိန်းတိတိ လှူခဲ့ပါတယ် .ကိုရေမွန် ဆီက အလှူငွေ ၁သိန်း အလှူခံရင်း နိဗ္ဗာန်ဆော်လုပ် ခဲ့ပါသည်။ Thank you bro’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီ မိနစ် ၂၀ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Po Po

အဲဒီနောက် ပိုပိုက ဝတ္ထုငွေသာမက အာဟာရ ဒါနအလှူအဖြစ် သံဃာတော် အပါး ၁၁၀၀ စာအတွက် ဖရဲသီး အလုံး ၅၀ ကို အလှူပြုလုပ်ခဲ့ပါတယ်။

‘’ဖရဲသီး အလုံး ၅၀ သံဃာတော် ၁၁၀၀ စာလှူဒါန်းခဲ့ပါသည်။ လှိုင်းဘွဲ့မြို့မှ ပရိတ်သတ်များနှင့်တကွ ၇ ရက်သားသမီးအလှူပါ သာဓု အနုမောဒနာခေါ်ဆိုကြပါကုန်’’ ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားတာ တွေ့ရပါတယ်။

Photo: Po Po

ပိုပိုဟာ လက်ရှိမှာ ဂီတဖျော်ဖြေရေး ခရီးစဉ်တွေ ဆက်တိုက် သွားနေရတာဖြစ်ပါတယ်။ သူမ ရဲ့ သီချင်းတွေကလည်း ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ သီချင်းတွေ ဖြစ်ပါတယ်။ လတ်တလော အောင်မြင်မှုရနေတဲ့ သီချင်းကတော့ ‘’မင်းကို မချစ်လို့ မဟုတ်ဘူး’’ ဆိုတဲ့ သီချင်းပါ။ ဒီသီချင်းက လူငယ်ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျခဲ့တဲ့ တစ်ချင်းတစ်ပုဒ်ဆိုရင်လည်း မမှားပါဘူး။

Photo: Po Po

ပိုပိုရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ Master Piece တစ်ကိုယ်တော် MTV အခွေလေးကို စက်တင်ဘာလ ၉ ရက်နေ့က The Sun Music Production ကနေ ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ဒီ MTV မှာ အောင်ရဲလင်းက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အမိုက်စားတင်ဆက်မှုတွေနဲ့ ရိုက်ကူးထားတာဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုအများကြီး ရရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က