အိန္ဒြာကျော်ဇင်က သူမကိုယ်တိုင် အသုံးပြုတဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ ဖေ့စ်ဘွတ်ပေ့ချ်ရှိတယ်လို့ ဆိုပါတယ်။ သူမရဲ့ နာမည်နဲ့ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တု၊ Page အတုတွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။
Photo: Eaindra Kyaw Zin
သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ သူမ ကိုယ်တိုင်အသုံးပြုလျှက်ရှိတဲ့ လူမှုကွန်ယက်စာမျက်နှာတွေကို ပြောပြလာပါတယ်။ အကောင့်တု ၊ Page အတုတွေကြောင့်လည်း ပရိသတ်တွေ အထင်မလွဲစေချင်ဘူးလို့ ဆိုပါတယ်။
‘’ယခုဖော်ပြပါ "Eaindra Kz"account နှင့် "Eaindra Kyaw Zin" page တို့မှလွဲ၍ အခြား အခြားသောအူဝဲနှင့် ပတ်သက်ရာ နာမည်မျိုးစုံ ဖြင့် page များ ၊ account များအား အသုံးပြု ခြင်းမရှိပဲ အူဝဲ ကိုယ်တိုင်သုံးသော page မှာ ယခု post တင်သော https://www.facebook.com/Eaindra-Kyaw-Zin-154282624920870/, https://www.facebook.com/eaindra.eaindra.3150official pageတခုတည်းသာရှိကြောင်းကို ချစ်ခင်အားပေးလျှက်ရှိသော ပရိတ်သတ်များအားလုံး နားလည်လွဲမှားမှုမဖြစ်စေရန် အသိပေးအပ်ပါသည်’’ ဆိုပြီးတော့ ဇွန်လ ၃၀ ရက်နေ့မနက် ၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Eaindra Kyaw Zin
အိန္ဒြာကျော်ဇင်ဟာ ၁၉၉၀ ခုနှစ်နှောင်းပိုင်းကစပြီး မဂ္ဂဇင်းဓာတ်ပုံ၊ ပြက္ခဒိန်တွေနဲ့ တီဗီကြော်ငြာတွေ အမြောက်အမြားရိုက်ကူူးရင်း ပရိသတ်တွေ စတင်အားပေးမှု ရရှိခဲ့သူပါ။ ၁၉၉၈ ခုနှစ်မှာတော့ Miss Kokkine ဆု နဲ့ Miss Chirsmas ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ‘’ချစ်သော အယ်ဒီတာ’’၊ ‘’ အနှိုင်းမဲ့’’ စတဲ့ မြဝတီရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ခေါင်းဆောင်မင်းသမီးအဖြစ်အရင်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ‘’အဖြူရောင် အတ္တ’’၊ ‘’ ကျွန်တော် ကျွန်မတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးတို့ဖြစ်ပါတယ်။
Photo: Eaindra Kyaw Zin
အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။
Photo: Eaindra Kyaw Zin
အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် မိသားစုကို အချိန်ပိုပေးနေတာကို တွေ့ရပါတယ်။ ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။ သမီးကြီးပြေသုဒြာ ကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ ခုနှစ် သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်မိသားစုလေးလည်း ဖြစ်ပါတယ်။