ဇာတ်လမ်းကောင်းလေး နှစ်ပုဒ်ပါပဲ။

သရုပ်ဆောင်ရဲမင်းပိုင်ကတော့ မြင့်မြတ်အတွက် ဇာတ်လမ်းလေး ၂ ခုကို ကိုယ်တိုင် ဇာတ်ညွှန်းရေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ဇာတ် ညွှန်း လေးတွေဟာ ပညာပေး၊ အသိပေးတဲ့ ဇာတ်အိမ်လေး နှစ်ခု ဖြစ်တဲ့အကြောင်းကိုလည်း သူက ပြောပြထားပါသေးတယ်။



Photo: Ye Min Paing

 

ဝါရင့်သရုပ်ဆောင် ရဲမင်းပိုင်ဟာ သရုပ်ဆောင်အကယ်ဒမီမြင့်မြတ်အတွက် သူကိုယ်တိုင်ရေးသားထားတဲ့ ဇာတ်လေး ၂ ခုရှိတယ်လို့ ဆိုပါ တယ်။  ဒီဇာတ်လမ်းနှစ်ခုရဲ့ဇာတ်အိမ်က သူ့ရင်ထဲက ဇာတ်အိမ်လေးတွေဖြစ်ကြောင်း  ပြောပြထားပါတယ်။ ဒီအကြောင်းအရာလေး တွေကို သူ့ဖေ့ဘွတ်ကနေတဆင့်ပြောပြခဲ့ပါတယ်။

''ကျွန်တော်ရင်ထဲမှာရှိသော ဇာတ်အိမ်လေးနှစ်ထုပ်ပါ။ ဒါပေမဲ့ခုချိန်မှာအောင်မြင်မယ်လို့မယူဆတော့ပါဘူး။ ဒီ ဇာတ်အိမ် လေးနှစ်ထုပ်ဟာ

ပညာပေး အသိပေး ကြည့်ရှုသူတွေရဲ့ရင်ထဲ မှာနှင့်ကနဲ တခုခုကျန်ရစ်စေမည့်ဇာတ်အိမ်လေးနှစ်ထုပ်ဖြစ်ပါတယ်။ ကျွန်တော် စိတ်ကူးထဲ မှာလည်းခေါင်းဆောင်သရုပ်ဆောင်ညီငယ် မြင့်မြတ် ကိုရည်စူးပြီး ဖန်တီးစိတ်ကူးထားပါတယ်'' လို့ သူကဆိုပါတယ်။

Photo: Ye Min Paing

 

ရဲမင်းပိုင်ဟာ သူကိုယ်တိုင်ရေးသားထားတဲ့ ဇာတ်ညွှန်းလေးတွေရဲ့ အသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိပေမယ့် ခေါင်းစဉ်ရဲ့ နာမည်လေး တွေကိုတော့ ပြောပြထားပါတယ်။ ဒီဇာတ်ကားတွေကတော့ သစ္စာရှိသော ဂတိ ဇာတ်ကားနဲ့ သွေးအတွက် ကြိုးဝိုင်း ဆိုတဲ့ ဇာတ်ကားတွေ ဖြစ်တယ်လို့ သိရပါတယ်။

''ဒီနေ့ညီငယ်မြင့်မြတ် ဟာထွန်းလင်းတောက်ပနေတဲ့အနုပညာရှင်တစ်ယောက်ပါ။ ဒါပေမဲ့ကျွန်တော့် စိတ်ကူးယဉ်မူတွေ အားနည်းသွားပါပြီ။ မကြာခင် အကြောင်းတရားတွေကြောင့် အမိမြေကနေ ထွက်ခွာတော့မှာပါ'' ဆိုပြီးတော့ သြဂုတ်လ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲ က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးခဲ့တာဖြစ်ပါတယ်။

Photo: Myint Myat , Ye Min Paing

 

သရုပ်ဆောင်ရဲမင်းပိုင်ကိုတော့ အရင်တုန်းက ဖိုက်တင်မင်းသားတစ်ယောက်အဖြစ် နယ်ပရိသတ်၊ မြို့ပရိသတ်တွေအများကြီး အားပေးခဲ့ကြ တာပါ။ အဲ့ဒီနောက် အမေရိကကိုရောက်ရှိသွားပြီးနောက်မှာတော့ မြန်မာပရိသတ်တွေ နဲ့ အနုပညာအလုပ်တွေကို ၁၀စုနှစ်အကျော် ဝေးကွာသွားခဲ့တာပါ။

သမီးဖြစ်သူအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ရဲမင်းပိုင်  

Photo: Ye Min Paing

 

အခုဆိုရင် ရဲမင်းပိုင်ဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပြန်ရောက် လာ တဲ့ အချိန်မှာလည်း ရဲမင်းပိုင်ပြန်လာပြီဆိုတဲ့ ဇာတ်လမ်းတိုလေးကို သူ့ရဲ့ ပရိသတ်တွေဆီအရောက်ပို့နိုင်ဖို့ ရိုက်ကူးခဲ့ ပါတယ်။ အခုလက်ရှိမှာလည်း ဇာတ်ကားတွေ လက်ခံရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က