အရင်တုန်းကတည်းက Game ကို ဝါသနာပါတာ။

မြင့်မြတ်တစ်ယောက် ရိုက်ကွင်းမရှိတဲ့နေ့တွေမှာ Game လည်းဆော့ရင်း၊ သားလေးနဲ့လည်း ဆော့ဖြစ်တယ်လို့ဆိုပါတယ်။ တစ်ယောက်တည်း Game ဆော့ရတာ အားမရပဲ မကြီးစိုး(ခ) စိုးမြတ်သူဇာကိုပါ Game ဆော့နည်းသင်ပေးလိုက်တယ်တဲ့။

Photo: Myat Wai Tun



လတ်တလောမှာ မကြီးစိုး(ခ) သရုပ်ဆောင် စိုးမြတ်သူဇာက Mobile Lengends Game ဆော့နေတာကို ပရိသတ်တွေ တွေ့မှာပါ။ ဒါကတော့ မြင့်မြတ်က သူသင်ပေးထားတာဖြစ်တယ်လို့ မီဒီယာအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’မကြီးက နဂိုကတည်းက Gamer ပါပဲ။ သူက တခြားဂိမ်းတစ်ခုဆိုလည်း တော်တော်ကြီးကို စိတ်ဝင်တစား ဆော့တယ်။ ရှုတင်မှာ ဆုံပြီးတော့ စကားပြောကြရင်း ဂိမ်းအကြောင်းတွေပြောရင်းနဲ့ သင်ပေးလိုက်တာ မကြီးလည်း အဲဒီဂိမ်းကို တော်တော် ညှိနေပုံရတယ်။ Mobile Lengends ပါ။ ကျွန်တော်က အခု PUBG ပြောင်းဆော့နေတယ်’’ လို့ ဆိုပါတယ်။

Photo: Myat Wai Tun

သူကိုယ်တိုင်ကလည်း ရိုက်ကွင်းမရှိတဲ့အချိန်တွေဆိုရင် မိသားစုနဲ့လည်း ပျော်ပျော်ပါးပါး အနားယူလေ့ရှိပါတယ်တဲ့။ ဒါပေမယ့် Game အဆော့ကတော့ မပျက်ဘူးလို့ မြင့်မြတ်က ပြောပါတယ်။

‘’အသက်ကြီးလာလို့လား မသိဘူး၊ အပြင်တွေသိပ်မသွားဖြစ်တော့ဘူး။ ကျွန်တော်က ဂိမ်းလည်းတော်တော်ဆော့တယ်လေ။ ရှုတင် မရှိတဲ့အချိန်ဆို ဂိမ်းဆော့တယ်၊ ပြီးရင် ကလေးနဲ့ဆော့တယ်။ ဒီလိုပဲ နေဖြစ်တယ်’’ လို့ ‘’ကျောမှာ ဂဠုန် ရင်မှာနဂါး’’ရုပ်ရှင်အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Soe Myat Thuzar

Game ကို ကျောင်းသားဘဝကတည်းက စွဲစွဲမြဲမြဲ ဆော့လာတာ လို့လည်း မြင့်မြတ်က ပြောပါတယ်။ ဖုန်းထဲမှာ ဂိမ်းဆော့လို့ရတာကလည်း အရမ်းကို အဆင်ပြေတယ်တဲ့။

‘’ ပျော်လို့ ဆော့တာပေါ့နော်။ ကျွန်တော် ကျောင်းသားဘဝတုန်းကတည်းက ဂိမ်းတအားဆော့တယ်။ ကျွန်တော်ကျောင်းသားဘဝကတည်းက ကွန်ပျူတာထဲမှာရှိတဲ့ Game တွေ အခု ဖုန်းထဲရောက်လာတာ။ အဲဒါကြောင့်မို့လို့ ပိုလည်း အဆင်ပြေပြီးတော့ တအားဆော့ဖြစ်နေတာပါ’’ လို့ သူကဆိုပါတယ်။

Photo: Myat Wai Tun

မြင့်မြတ်က လက်ရှိအနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရပါတယ်။ မေလ ၁၆ ရက်နေ့မှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ကျောမှာ ဂဠုန် ရင်မှာ နဂါး’’ရုပ်ရှင်ကားကြီးကလည်း မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က