သီချင်းအကြမ်း သွင်းပြီးပြီ။

မအေးသောင်းက သူကိုယ်တိုင်သီဆိုထားတဲ့ သီချင်းလေးကို ပရိသတ်တွေ နားထောင်ရတော့မယ်လို့ ဆိုပါတယ်။ အရင်တုန်းကလည်း နေတိုးနဲ့အတူ သီဆိုထားတဲ့ သီချင်းလေးကလည်း အောင်မြင်ခဲ့ပါတယ်တဲ့။

Photo: The Light



မအေးသောင်းကတော့ ပရိသတ်တွေအတွက် သူကိုယ်တိုင် သီဆိုထားတဲ့ သီချင်းလေးကို မကြာခင် ပရိသတ်ဆီ အရောက်ပို့တော့မယ်လို့ သိရပါတယ်။

‘’ချစ်ပရိတ်သတ်တွေအတွက် ဟာကနဲ၊ ဟင်ကနဲ ဖြစ်လောက်တဲ့ သီချင်းတစ်ပုဒ်ကို ချပြတော့မှာပါလို့ မအေးသောင်းက ပြောတယ်။ သီချင်းအကြမ်းတော့သီဆိုလို့ ပြီးသွားပါပြီ Studio အပိုင်းလောက်ဘဲ ကျန်ပါတော့တယ်။ ဇွန်လကုန်၊ ဇူလိုင်လလောက်တော့ ပရိသတ်ဆီကိုချပြမှာပါ’’ လို့ မအေးသောင်းရဲ့ ဖခင်ဖြစ်သူ ဦးမြင့်အောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မေလ ၇ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။



Photo: Amazing Grace

အရင်တုန်းကလည်း သရုပ်ဆောင်နေတိုးနဲ့ မအေးသောင်းတို့ သီဆိုထားတဲ့ သီချင်းလေးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်တဲ့။ ‘’ပထမဆုံး မအေးသောင်းကိုယ်တိုင်သီဆိုထားပြီး သရုပ်ဆောင် မင်းသားချောနေတိုးနဲ့ ရိုက်ကူးထားတဲ့" မောင့်ကဗျာသို့...တမ်းချင်း "ဆိုတဲ့ MTVသီချင်းလေးကလည်း ပေါက်သီချင်းဖြစ်ခဲ့ပါတယ်။

လောလောလတ်လတ်အနုပညာအလုပ်တွေအဆက်မပြတ်လုပ်ဆောင်နေရပြီး Brand Ambassador (4) ခုပိုင်ရှင် မအေးသောင်းကတော့ အလုပ်တွေလုပ်နေရရင် ပျော်နေပါတယ်တဲ့’’ လို့ ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Joseph Myint Aung

ဆယ်ကျော်သက်အရွယ်မှာ ဆံပင်ရှည်လေးနဲ့ အေးဝတ်ရည်သောင်းအဖြစ် အနုပညာလောကမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ ၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က