ဇန်နဝါရီ လ ၈ ရက်နေ့ မနက် ၉ နာရီလောက်က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းအောက် ဆိပ်ရွာမှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ် အလုံး ၁၀၀ ထက်မနည်းပျက်စီးခဲ့တယ်လို့ ကုလားကုတ်ကျွန်းဒေသခံတွေက Duwun ကို ပြောပါတယ်။
Photo - ဆန်းမျိုးနိုင်
ဒေသခံဖြစ်သူကိုအောင်နိုင်ဝင်းက" အားလုံး ၁၅၀ နီးပါးလောက်ရှိမလားပဲ။ လေက တော်တော်ကြမ်းတာ။ ကျွန်းပေါ်မှာလည်းဖြစ်နေတော့ တစ်ရွာတည်းပဲထိတာပါ။"လို့ Duwun ကိုပြောပါတယ်။
လေပြင်းတိုက်ခတ်တဲ့ အဆောက်အအုံတွေကို ပြင်ဆင်ဖို့နဲ့ကယ်ဆယ်ရေးတွေလုပ်ဖို့ ရေးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေတယ်လို့သိရပါတယ်။
အပျက်အစီးအတိအကျနဲ့ လူထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေအသေးစိတ်ကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။ လူသေဆုံးမှုကတော့ မရှိဘူးလို့ ကနဦးသတင်းရရှိပါတယ်။