ပိုင်ရှင်သစ်အပြောင်းအလဲဖြစ်ဖွယ်ရှိနေတဲ့ အသင်းပါ။

ကူလီဘလီ၊ ကာဗာနီအပြင် ဘက်တစ်ကစားသမားဖီကာကိုလည်း နယူးကာဆယ်က စောင့်ကြည့်မှုတွေပြုလုပ်နေပြီး အသင်းအပြောင်းအလဲဖြစ်တာနဲ့ ခေါ်ယူဖို့ရာ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီလို့ သိရပါတယ်။ 


ပိုင်ရှင်သစ်အပြောင်းအလဲဖြစ်ပေါ်လာဖို့ရှိနေတဲ့ နယူးကာဆယ်အသင်းဟာ နာပိုလီနောက်ခံလူကူလီဘလီကို တရားဝင်ဆက်သွယ်မှုတွေပြုလုပ်နေပြီး ကာဗာနီ နဲ့ နဘီလ်ဖီကာတို့ကိုပါ ကမ်းလှမ်းသွားဖို့ စဉ်းစားနေတယ်လို့ ပြင်သစ်သတင်းဌာနာတွေကဖော်ပြခဲ့မှုကို ကိုးကားပြီး Daily Mail က ပြန်လည်ဖော်ပြသွားခဲ့ပါတယ်။ 

နယူးကာဆယ်ကတော့ အသင်းကို ပေါင်သန်း၃၀၀ နဲ့ ပြန်လည်ရောင်းချသွားနိုင်ဖို့ နီးစပ်နေပြီး လက်ရှိအသင်းပိုင်ရှင်မိုက်အက်ရှ်လေဘက်က ဆော်ဒီမင်းသားဆီကို ရောင်းချဖို့ သဘောတူညီတော့မှာလည်းဖြစ်ပါတယ်။ ပိုင်ရှင်အပြောင်းအလဲဖြစ်တာနဲ့ နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံးအသင်းစာရင်းကို ဝင်ရောက်လာတော့မှာလည်းဖြစ်ပါတယ်။ 

ပြင်သစ်သတင်းဌာန Foot Mercato ကတော့ နယူးကာဆယ်ဟာ နာပိုလီကြယ်ပွင့်ကို ဆုကြွေးငွေအများအပြားပေးချေမယ့် မက်လုံးနဲ့ခေါ်ယူဖို့ရာ ကြိုးစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ နာပိုလီခံစစ်မှူးကို မန်ချက်စတာယူနိုက်တက်အသင်းက အလေးအနက်ထားစိတ်ဝင်စားခဲ့ဖူးပြီး နာပိုလီအသင်းဘက်က သတ်မှတ်ခဲ့တဲ့ တန်ဖိုးက များပြားနေခဲ့လို့ လက်လျှော့ခဲ့ရတာဖြစ်ပါတယ်။

နာပိုလီအသင်းဥက္ကဌဒီလော်ရန်းတစ်က သူ့ကစားသမားတန်ဖိုးကို ယူရိုသန်း ၂၅ဝအထိရှိတယ်လို့ပြောဆိုခဲ့ဖူးပေမယ့် လက်ရှိပေါက်စျေးကတော့ ယူရိုသန်း ၉၀ ခန့်သာရှိတော့တာဖြစ်ပါတယ်။ နယူးကာဆယ်က ကူလီဘလီအပြင် ပီအက်စ်ဂျီအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမား ကာဗာနီကိုပါ စဉ်းစားနေတယ်လို့ Foot Mercato က ဖော်ပြခဲ့ပါတယ်။ 

ဥရုဂွေးတိုက်စစ်မှူးဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အက်သလက်တီကိုနဲ့ တောင်အမေရိကလပ်တွေကလည်း စိတ်ဝင်စားနေပါတယ်။ ကူလီဘလီ၊ ကာဗာနီအပြင် ဘက်တစ်ကစားသမားဖီကာကိုလည်း နယူးကာဆယ်က စောင့်ကြည့်မှုတွေပြုလုပ်နေပြီး အသင်းအပြောင်းအလဲဖြစ်တာနဲ့ ခေါ်ယူဖို့ရာ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီလို့ သိရပါတယ်။ 

Share

Loading Next Article...
က္က