နိုင်ငံပေါင်း ၁၆၀ ကျော်ထဲကနေ ရွေးချယ်ခံရတာဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ ကျော်ထဲကနေ ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်တွေ ဖြစ်ထွန်းလာစေတဲ့စီးပွားရေးလုပ်ငန်းတွေကို ရွေးချယ်ခဲ့ရာမှာ မြန်မာနိုင်ငံမှ ရွှေတောင်ညိုကြီး အော်ဂဲနစ်မွေးမြူရေးလုပ်ငန်းပူးတွဲတည်ထောင်သူ ဦးဇော်ရဲနောင်က ရရှိခဲ့တာဖြစ်ပါတယ်။

Photo- Zaw Ye Naung

ဦးဇော်ရဲနောင်မှာ သြဂဲနစ်လုပ်ငန်းကို ဦးဆောင်ပြီး ကျေးလက်နေ ပြည်သူတွေရဲ့ ဘဝတိုးတက်စေရေးအတွက် အလုပ်အကိုင်ဖန်တီးနိုင်ခြင်း၊ နေ့စဉ်ဝင်ငွေရရှိခြင်း၊ သဘာ၀ ပတ်ဝန်းကျင်လုပ်ငန်းကို မထိခိုက်ဘဲ ကောင်းမွန်တဲ့စီးပွားရေးဖန်တီးနိုင်ခြင်းတို့ကြောင့် UN SDG (Sustainable Development Goals) Pioneer ဆုကို ပေးအပ်ခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ ရွေးချယ်ခံရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ကမ္ဘာပေါ်က စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ သူတို့ရဲ့ ငွေကြေးအရ အမြတ်အစွန်းရှိတဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ အဖြေရှာခဲ့သူတွေဖြစ်တယ်။ သူတိုရဲ့ ဦးဆောင်မှုနဲ့ ဆန်းသစ်တဲ့စိတ်ကူးတွေဟာ လူ့အသိုက်အဝန်းမှာ စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်မှုတွေ ဖြစ်ထွန်းလာရေးဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်တွေ၊ အကောင်အထည်ပေါ်လာရေးအတွက် အထင်ရှားဆုံးစံနမူနာပြနိုင်သူတွေ ဖြစ်တယ်” လို့ UN မှ Global Impact ရဲ့ CEO နဲ့ Executive Director Ms.Lise Kingo က ပြောပါတယ်။

၂၀၁၉ ခုနှစ်အတွက် UN SDG Pioneer 2019 ဆုကို ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ ကျော်ထဲကနေ အဆိုပါ ဆုအတွက် ၁၀ ဦးရွေးချယ်ခဲ့ရာမှာ မြန်မာနိုင်ငံမှ ဦးဇော်ရဲနောင်ကို ပေးအပ်ကြောင်း စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“ မြန်မာနိုင်ငံမှာ အော်ဂဲနစ်လမ်းကြောင်းသွားနေတဲ့သူတွေက အခက်အခဲတွေအများကြီးရှိတယ်။ ဒီဆုက ဒီအခက်အခဲတွေအတွက် ရှေ့ဆက်လျှောက်ဖို့ အားအင်ဖြစ်စေပါတယ်။ ကျွန်တော်နဲ့ လက်တွဲခဲ့တဲ့ လယ်သမားတွေ၊ ကျွန်တော့်ဆီက ဝယ်ခဲ့ကြတဲ့ Customer တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဦးဇော်ရဲနောင်က Duwun ကိုပြောပါတယ်။

ရှမ်းပြည်နယ် ၊ မန္တလေးတိုင်းနဲ့ ရန်ကုန်ုတိုင်းတို့က လယ်သမားတွေ၊ မွေးမြူရေးသမားတွေကို နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်တွေ ရှာဖွေပေးပြီးတော့ လွှတ်ကြောင်းကြက်ဥ၊ လှောင်အိမ်မဲ့ကြက်ဥ၊ ကြက်ချေးနဲ့ သဘာဝစိုက်ပျိုးတဲ့ ကြက်သွန်ဖြူတွေ ထုတ်လုပ်ပြီး Citymart တွေနဲ့ ရန်ကုန်မြို့ ဆိုင်တွေမှာ ဖြန့်ဖြူရောင်းချပေးနေတာဖြစ်ပါတယ်။

အဆိုပါ ရွှေတောင်ညိုကြီး အော်ဂဲနစ်မွေးမြူရေးလုပ်ငန်းမှာ Myanmar Organic Agriculture Group မှ Conversation to Organic လက်မှတ်ရထားတဲ့ ပထမဆုံး မွေးမြူရေးလုပ်ငန်းလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံသားစွန့်ဦးတီထွင်လုပ်ငန်းရှင် ဦးဇော်ရဲနောင်ကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ စက်တင်ဘာ ၂၃ ရက်မှာ UN SDG Pioneer 2019 ဆုကို ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က