ဒေါ်လာ ၁၀၀ ဝန်းကျင်တန် ဖုန်းတွေပါ

မြန်မာငွေ ၁ သိန်း ပတ်ချာလည် ဈေးနဲ့ဝယ်လို့ရမယ့် Android Go ဖုန်းတစ်မျိုးကို Samsung မှ မိတ်ဆက်လာပါတယ်။



oreo.png

Photo: TechRead

 

Samsung ဟာ Android Go ဗားရှင်းအဖြစ် Galaxy J2 Core ကို မိတ်ဆက်လိုက်တာ ဖြစ်ပြီး မျက်နှာပြင် ၅ လက်မ LCD display သုံးထားတာပါ။ ရုပ်ထွက်ပိုင်းမှာ 960 x 540 pixel display ပါရှိပြီး Samsung ရဲ့ ကိုယ်ပိုင် chipset ဖြစ်တဲ့ Exynos 7570 CPU  ပါရှိပါတယ်။

Android Go ဗားရှင်းဖြစ်တဲ့အတိုင်း ဒီဖုန်းဟာ entry level RAM/storage ပမာဏဖြစ်တဲ့  1GB /8GB ပဲ သုံးထားပါတယ်။ ဒီလို RAM နည်းတဲ့ ဖုန်းတွေအတွက် ထုတ်တဲ့ Android Go ဖုန်းဖြစ်လို့လိုင်းဆွဲအား နဲ့သိုလှောင်မှု သိပ်မယူမယ့် Google Go ၊ Gmail Go ၊ Maps Go နဲ့YouTube Go စတဲ့ Android Go ဗားရှင်းတွေနဲ့သုံးနိုင်မှာ ဖြစ်ပါတယ်။

Android Go ရဲ့ အဓိကရည်ရွယ်ချက်အတိုင်း Google က ထုတ်သမျှ apps တိုင်းကို Go ဗားရှင်းနဲ့ဒေတာမစားဘဲ မြန်မြန်ဆန်ဆန် သုံးနိုင်မယ့်အပြင် OS update လည်း ပုံမှန်ပေးသွားမှာ ဖြစ်လို့ဖုန်းရဲ့ လုံခြုံရေးနဲ့ရေရှည်အသုံးခံမှုအတွက် စိတ်ချရမှာ ဖြစ်ပါတယ်။ ကင်မရာအနေနဲ့ရှေ့ဘက် 5MP ကင်မရာနဲ့ကျောဘက် 8MP ကင်မရာကို အသုံးပြုသွားမှာ ဖြစ်ပြီး ကင်မရာစွမ်းရည်ကို တစ်ချက်စောင့်ကြည့်ရမှာပါ။

ဒီဖုန်းမှာ သုံးသွားဖို့ရှိတဲ့ 2600 mAhဘက်ထရီကတော့ Samsung ထုတ် တစ်ခြားဖုန်းတွေနဲ့ယှဉ်ရင် အတော်လေး သေးတယ်လို့ဆိုရမှာ ဖြစ်ပေမယ့် Samsung Experience မပါတော့လို့ဘက်ထရီ အသုံးခံနေမှာ ဖြစ်ပါတယ်။ Galaxy J2 Core ကို အိန္ဒိယနဲ့မလေးရှားတို့မှာ ပထမဆုံး ဖြန့်ချိရောင်းချသွားမှာပါ။

Photo: The Verge

 

Android Go ဖုန်းတွေဟာ ဒေါ်လာ ၁၀၀ အောက် ဖုန်းတွေဖြစ်လို့လူတိုင်းဝယ်သုံးနိုင်မယ့် ဖုန်းတွေလည်း ဖြစ်ပါတယ်။ Samsung ရဲ့ Galaxy J2 Core ရဲ့ ဈေးနှုန်းကလည်း ဒေါ်လာ ၁၀၀ ပတ်ချာလည် ( မြန်မာငွေ ၁ သိန်း ခွဲနီးပါး) ဈေးနဲ့ပဲ ထွက်လာဖို့ရှိပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က