Metaverse တစ်ခုတည်ထောင်ဖို့ Facebook ဟာ ကုမ္ပဏီကို နာမည်သစ် ပေးသွားဖို့ရှိပါတယ်။
ဒီတစ်ပတ်ထဲမှာပဲ Facebook ဟာ ဒစ်ဂျစ်တယ် VR ရပ်ဝန်းတစ်ခုကို သွားဖို့ ဥရောပမှာ အလုပ်အကိုင်ပေါင်း သောင်းနဲ့ချီ ခေါ်မယ့်အကြောင်း သတင်းတွက ဖော်ပြခဲ့ပါတယ်။ အခုတစ်ခေါက် The Verge သတင်းမှာ လာမယ့်အပတ်ထဲ Facebook ဟာ ကုမ္ပဏီကို နာမည်သစ် ပြောင်းကြောင်း ကြေညာမယ်လို့ ယူဆရကြောင်း ဖော်ပြထားပါတယ်။ လာမယ့် အောက်တိုဘာ ၂၈ ရက်နေ့ နှစ်စဉ် ကျင်းပနေကျ Connect ကွန်ဖရင့်မှာ Facebook အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ခ်အနေနဲ့ ကုမ္ပဏီနာမည်သစ်ကို ကြေညာဖို့ ရှိပါတယ်။
Photo: Tech Crunch
လောလောဆယ် ကုမ္ပဏီသစ်ရဲ့ နာမည်အကြောင်း မသိရသေးပေမယ့် The Verge ကတော့ Horizon ဆိုတဲ့ နာမည်က ဖြစ်နိုင်ခြေ များတယ်လို့ခန့်မှန်းထားပါတယ်။ Facebook ဟာ VR Headset တွေအတွက် Remote work app ဖြစ်တဲ့ Horizon Workrooms app bet ဗားရှင်းလည်းထုတ်ထားသလို Horizon နာမည်နဲ့ metaverse အတွက် tools တွေလည်း ဖန်တီးနေတာကြောင့် ဖြစ်ပါတယ်။
Facebook ပြောရေးဆိုခွင့်ရှိသူကတော့ ကုမ္ပဏီ နာမည်ပြောင်းမယ့်ကိစ္စအပေါ် "ကောလာဟလနဲ့ ထင်ကြေးတွေအပေါ် မှတ်ချက်မပေးချင်ဘူး" လို့ ပြောထားပါတယ်။ သေချာတဲ့အချက်က Facebook ဟာ VR/AR လောကကြီးတစ်ခုဖြစ်တဲ့ Metaverse ကမ္ဘာကို တည်ဆောက်ဖို့ စိတ်အားထက်သန်နေသလို အကြီးအကျယ်လည်း ပြင်ဆင်နေတယ်ဆိုတာပါပဲ။ Metaverse ဆိုတာ VR မျက်မှန်လို အထူးဖန်တီးထားတဲ့ AR/VR headware တွေနဲ့ 3D ပုံရိပ်ယောင်ကမ္ဘာရပ်ဝန်းတစ်ခုကို ပြောတာ ဖြစ်ပါတယ်။
oFacebook အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ခ်ကတော့ AR Glasses လို လူသုံးကုန် Hardware တွေဟာ စမတ်ဖုန်းတွေလိုပဲ လူတိုင်းသုံးတဲ့ နည်းပညာပစ္စည်းဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်။