မိခင်ကိုယ်တိုင် ကြည်ကြည်ဖြူဖြူပေးခဲ့တာပါ။

“အစ်မနဲ့ ရှိမှ ညီမသမီးလေးက လူမွေးသူမွေး ပြောင်မှာမို့ အမလက်ထဲမှာပဲ သမီးလေးကို ထားချင်ပါတယ်” လို့ ကလေးမိခင်က ပြောပါတယ်။

Photo : ခိုင်နှင်းဝေ FB

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ဓနုဖြူမြို့ ၊ အလယ်မြို့ (ချောင်းဖျားရွာ) မှာရှိတဲ့ ရက်(၂၀)သာရှိသေးတဲ့ မွေးကင်းစ ကလေးလေးတွေကို မတ်လ(၁၇) ရက်နေ့က သွားရောက်ခေါ်ယူ မွေးစားခဲ့တာဖြစ်ပါတယ်။ မွေးကင်းစ ကလေးလေးရဲ့ မိခင်မှာ မွေးရာပါ လက်တစ်ဖက် အင်္ဂါချို့ယွင်းနေပြီး ဘဝရပ်တည်ဖို့အတွက် မနည်းရုန်းကန် လှုပ်ရှားနေရတာ ဖြစ်တာကြောင့် က​​လေးကို မွေးစားဖို့အတွက် သရုပ်ဆောင် ခိုင်နှင်းဝေဆီ ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။


ကလေးလေးကို သွားရောက်ခေါ်ယူ မွေးစားစဥ်မှာလည်း သူမရဲ့ ရင်ထဲက ရှိတဲ့ ခံစားချက်လေးကို လူမှုကွန်ယက်ပေါ်မှာ အခုလို ရေးသားခဲ့ပါသေးတယ်။

“မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းတဲ့ မိခင်တစ်ယောက်ကို ကူညီပေးဘို့ ဧရာဝတီတိုင်းဘက်ကို သွားဖြစ်ခဲ့ပါတယ်။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းရခြင်းများ ခံစားရတဲ့ နေ့လေးလဲဖြစ်ခဲ့ရပါတယ်ရှင်" ဆိုပြီး သွားရောက် ခေါ်ယူခဲ့တဲ့ ဗီဒီယိုလေး ကို တင်ထားတာဖြစ်ပါတယ်။

Photo : ခိုင်နှင်းဝေ FB

သူမတင်ထားတဲ့ ဗီဒီယိုထဲမှာဆိုရင် ကလေးမိခင်ကို သူမကိုယ်တိုင်နှစ်သိမ့် အားပေးခဲ့ပြီး ကလေးလေးကို သေချာစောင့်ရှောက်ကာ ကလေး အရွယ်ရောက်လာရင်လည်း မိခင်အကြောင်းလေးကို သေချာ နားလည်အောင်ပြောပြပေးမှာဖြစ်ပြီး ကလေးမိခင်ကို အားမငယ်ဖို့နဲ့ သူမအတွက် ထောက်ပံ့ငွေကြေးလေးကို လည်း ပေးခဲ့ပါသေးတယ်။


ခိုင်နှင်းဝေ(Khine Hnin Wai )ဟာ လက်ရှိမှာတော့ စွန့်ပစ်ခံ မိဘမဲ့ ကလေးတွေကို မွေးစားထားတာ မိခင်ရင်းသဖွယ် စောင့်ရှောက်ပေးနေသူ တစ်ယောက်ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်းတွေ သွားရောက်လုပ်ကိုင် ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း ပရဟိတအလုပ်တွေ အလုပ်တွေများနေပေမယ့်လည်း သူမရဲ့ ပရိသတ်တွေအတွက်ကိုလည်း သူမရဲ့ အနုပညာအလုပ်တွေကို စဥ်ဆက်မပျက် တင်ဆက်ပေးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က