အသင်းရဲ့အနေအထားကြောင့် တိုင်ပတ်နေရတာပါ။

ယူနိုက်တက်ကွင်းလယ်လူ ကက်စ်မဲရိုးက ယူနိုက်တက်ရဲ့ ဒီရာသီ အနေအထားတွေကြောင့် သူ့အနေနဲ့ ညဘက်တွေမှာတောင် ကောင်းကောင်းအိပ်ပျော်ဖို့ ခက်ခဲနေတဲ့အကြောင်း ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မဆိုနဲ့၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် မျှော်လင့်ချက် မရှိတော့သလောက်ပါ။



နောက်ဆုံးကစားခဲ့တဲ့ လီဗာပူးနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာလည်း ယူနိုက်တက်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။ အဲ့ဒီပွဲအပြီးမှာ ကက်စ်မဲရိုးတစ်ယောက် ဥမင်လိုဏ်ခေါင်းထဲ တန်းဝင်သွားခဲ့ပြီး ပွဲရလဒ်နဲ့ ပတ်သက်လို့ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။

အဲ့ဒါကြောင့်လည်း ကက်စ်မဲရိုးက “တကယ်ကို ခက်ခဲပါတယ်။ ကျွန်တော့်ကို အဓိက စိတ်အနှောင့်အယှက်ပေးနေတာက ချန်ပီယံဆုတွေအတွက် တိုက်ပွဲမဝင်ရဘူးဆိုတဲ့အချက်ပါပဲ။ ပထမနေရာနဲ့ အမှတ် (၂၀) လောက်ပြတ်နေပါတယ်။ တစ်ခါတလေကျရင် ကွဲပြားခြားနားတဲ့ အရာတစ်ခုခုကို လုပ်ပြဖို့အတွက် စဉ်းစားရင်းနဲ့ပဲ အိပ်လို့တောင် မပျော်ပါဘူး”

“ကျွန်တော်တို့မှာ အမှတ်ပေးချန်ပီယံဆုအတွက် ဒါမှမဟုတ် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် စဉ်းစားဖို့တောင် မရှိပါဘူး။ စဉ်းစားစရာဆိုလို့ ဒီနေ့ကစားမယ့်ပွဲအတွက်ပဲ​ဆိုတာမျိုး ဖြစ်နေပါတယ်။ ကျွန်တော်တို့ တစ်ရက်ချင်းကိုပဲ စဉ်းစားဖို့ လိုအပ်ပါတော့တယ်။ နောက်ဆုံးပွဲအနည်းငယ်မှာ (၉) မှတ် ရဖို့ အခွင့်အရေးရှိခဲ့ပါတယ်”

“နှစ်ဂိုးလည်း သွင်းနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့ အခုတော့ တစ်ပွဲချင်းစီကိုပဲ စဉ်းစားပြီး နောက်တစ်ပွဲဖြစ်တဲ့ ဘုန်းမောက်နဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက်ပဲ အာရုံစိုက်ရပါတော့မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။  

Share

Loading Next Article...
က္က