ဒါရင်းဘန့်က ဝေဖန်ခဲ့တာပါ။

ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းရဲ့ ကြယ်ပွင့် ဂါနာချိုကို ဘတ်စ်ကားအောက်ထဲ တွန်းပို့တဲ့လုပ်ရပ်မျိုးလုပ်ခဲ့တယ်လို့ ပရီးမီးယားလိဂ်ရဲ့ ဝါရင့်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က ဝေဖန်ပြောကြားခဲ့ပါတယ်။ ဒါကတော့ ဂါနာချိုနဲ့ပတ်သက်လို့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပြောစကားအပေါ် ရည်ရွယ်ပြီး ဝေဖန်ခဲ့တာပါ။



ဂါနာချိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ခံယူချက်ပြဿနာကြောင့် အသင်းရဲ့ ခြေစမ်းပွဲတွေမှာ ပါဝင်ကစားခွင့်မရရှိခဲ့ကြောင်း ဘရူနိုဖာနန်ဒက်စ်က ပြောကြားခဲ့ပြီး အခုချိန်မှာတော့ အဆိုပါ အာဂျင်တီးနားလူငယ်ကြယ်ပွင့်က အကောင်းဆုံး ပြုပြင်ပြောင်းလဲနေကြောင်း သုံးသပ်ခဲ့ပါတယ်။ ဂါနာချိုဟာ နောက်ပိုင်းပွဲတွေမှာ အဲရစ်တန်ဟက်ခ်ရဲ့ ကစားသမားစာရင်းမှာ မကြာခဏ အသုံးပြုခံနေရပါတယ်။

ဒီလိုမျိုး ဘရူနိုဖာနန်ဒက်စ်ရဲ့ ပြောစကားနဲ့ ပတ်သက်လို့ ဒါရင်းဘန့်က “ဘရူနိုဖာနန်ဒက်စ် အဲ့ဒီလိုမျိုး ပြောသွားတာကိုတော့ ကျနော် တော်တော်လေး သဘောမကျပါဘူး။ ခင်ဗျားက အသင်းခေါင်းဆောင်တယောက်အနေနဲ့ မီဒီယာတွေနဲ့ စကားပြောတဲ့အခါမှာ လူငယ်ကစားသမားတွေနဲ့ ပတ်သက်ပြီး ဂရုစိုက်ရမှာပါ။ ဂါနာချိုက ရေရှည်အတွက် အလားအလာကောင်းတွေရှိနေပါတယ်”

“ဘာကြောင့်လဲဆိုတော့ သူက အခုချိန်မှာလည်း ပုံစံကောင်းတွေပြသနေလို့ပါ။ လူတွေရဲ့ စိတ်ထဲမှာ ဂါနာချိုနဲ့ ပတ်သက်လို့ တခုခု အနှောင့်အယှက်ဖြစ်စရာ အကြောင်းမျိုး ခင်ဗျား ဖန်တီးပေးစရာ မလိုပါဘူး။ အခုဆိုရင် ဂါနာချိုသာ အသင်းကနေ ချန်လှပ်ခံရရင် ဒါမှမဟုတ် ကိစ္စတခုခုဖြစ်ခဲ့ရင် ဘရူနိုပြောသလိုမျိုး ခံယူချက်ကိစ္စကြောင့်ပဲလားဆိုပြီး လူတွေက ပြောတော့မှာပါ”

“ဘရူနိုဖာနန်ဒက်စ်အနေနဲ့ လူငယ်ကစားသမားတွေကို ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ သူတို့လေးတွေကို ဘတ်စ်ကားအောက် တွန်းပို့လိုက်သလို၊ ပစ်ထည့်လိုက်သလိုမျိုး လုပ်လို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူငယ်ကစားသမားတွေက အခုမှ အစပဲရှိသေးတာပါ” လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က