လီဗာပူးတို့ နိုင်ပွဲထပ်မံပျောက်ဆုံးခဲ့ရတာပါ။

ဘရိုက်တန်ကတော့ အန်ဖီးလ်မှာ လီဗာပူးကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပြီး လီဗာပူးရဲ့ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို ပြန်လည်ခွင့်ပြုခဲ့ရပေမယ့် သရေတမှတ်တော့အရယူသွားခဲ့ပါတယ်။ လီဗာပူးက ဒီပွဲမှာ ဆာလာ၊ ဖေမီနို၊ ကာဗယ်လ်ဟိုတို့ကို တိုက်စစ်မှာ ပွဲထုတ်ခဲ့ပြီး ဒီယက်ဇ်၊ ဂျိုတာ၊ ဒါဝင်နူးနက်ဇ်တို့ အရန်ခုံမှာပဲရှိနေခဲ့ပါတယ်။ ဘရိုက်တန်ကလည်း ထရော့ဆက်၊ ဝဲလ်ဘက်၊ ဂရော့စ်တို့နဲ့ပဲ တိုက်စစ်ကို ပွဲထွက်လာခဲ့ပါတယ်။



လီဗာပူးရဲ့ အထနှေးမှုကြောင့် ပွဲအစ (၁၅) မိနစ်နဲ့တင် ထရော့ဆက်က ဘရိုက်တန်အတွက် ဦးဆောင်ဂိုးနှစ်ဂိုး ဆက်တိုက်သွင်းယူပေးခဲ့ပြီး လီဗာပူးတို့ကို အိပ်မက်ဆိုးမက်စေခဲ့ပါတယ်။ နောက်တန်းက အာနိုးလ် ထုံးစံအတိုင်း ဒုက္ခရောက်နေတဲ့ပုံရိပ်တွေကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပြီး အင်္ဂလန်လူစာရင်းကနေ အာနိုးလ်ကို ချန်ခဲ့တဲ့ ဆောက်ဂိတ်ရဲ့လုပ်ရပ်မမှားဘူးဆိုတာကို ဒီပွဲမှာ မြင်တွေ့ခဲ့ရပြန်ပါတယ်။




အာနိုးလ်က ယုံကြည်ချက်ပျောက်ဆုံးနေခဲ့ပြီး ပြိုင်ဘက်ရဲ့ တဦးချင်းကျော်ဖြတ်မှုတွေကိုပါ ဒီပွဲမှာ ခံခဲ့ရတာဖြစ်ပါတယ်။ ပထမပိုင်းမပြီးခင် ဖေမီနိုရဲ့ ချေပဂိုးတဂိုးရခဲ့တာက လီဗာပူးအတွက် ကံကောင်းသွားခဲ့တယ်ပြောရမှာပါ။ ဒုတိယပိုင်းစတာနဲ့ ကလော့ပ်က ဒီယက်ဇ်ကိုထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ အဲ့ဒီနောက် လီဗာပူးတို့ ဂိုးတွေဆက်တိုက်ရခဲ့ပါတယ်။

ဒီယက်ဇ်ရဲ့ ဖန်တီးပေးမှုကနေ ဖေမီနိုကပဲ တည်တည်ငြိမ်ငြိမ်နဲ့ ထပ်မံအဆုံးသတ်ကန်သွင်းပြီး လီဗာပူးတို့ သရေရလဒ် ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက် ဘရိုက်တန်ဂိုးသမား ရော်ဘတ်ဆန်းချက်ဇ်ရဲ့ ကာကွယ်မှု နောက်ခံလူ ဝက်ဘ်စတာနဲ့ထိပြီး ဂိုးထဲပြန်ဝင်ခဲ့တာကြောင့် လီဗာပူးတို့ ပွဲကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးတို့ ပွဲကို အပြတ်ဖြတ်ဖို့ မကြိုးစားခဲ့သလို အပြတ်ဖြတ်နိုင်စွမ်းလည်းမရှိဘဲ ဝေ့နေခဲ့ပါတယ်။

ဒါက သူတို့ကို ပေးဆပ်မှုကြီးမားစေခဲ့ပြီး နောက်တန်းတတန်းလုံးရဲ့ ဖျက်ထုတ်ပုံ အားနည်းတာကတဆင့် ထရောဆက်ကပဲ သူ့အတွက် ဟက်ထရစ် သွင်းဂိုးကို သွင်းယူသွားခဲ့ပါတယ်။ လီဗာပူးရဲ့ ခံစစ်ပိုင်း အမှားအယွင်းတွေကလည်း တပွဲနဲ့တပွဲ မရိုးရအောင်ကို ဒုက္ခပေးနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး သုံးဂိုးစီသရေကျခဲ့တဲ့ ဒီပွဲကလည်း လီဗာပူးအတွက်ကတော့ နစ်နာခဲ့ရတဲ့ သရေပွဲတပွဲဖြစ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က