ဟာလန်းကတော့ သူ့ကို ထရိုးလ်တဲ့ပုံကို သဘောကျနေတာပါ။

မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ စပါးနဲ့ပွဲပြီးခါနီးမှာ ဖြစ်ပျက်ခဲ့တဲ့ သူ့ရဲ့ အမူအရာတွေကြောင့် ထရိုးလ်ခံနေရတဲ့အပေါ် သဘောကျနေကြောင်း သိရှိရပါတယ်။ အဆိုပါပွဲက တစ်ဖက်ကို သုံးဂိုးစီသရေနဲ့ ပြီးဆုံးခဲ့တာပါ။



ဒီပွဲမှာ ဟာလန်းတစ်ယောက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အသင်းရဲ့ သွင်းဂိုးတွေအတွက် အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ပတ်သက်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီးမှာ ဖြစ်ပွားခဲ့တဲ့ အကျည်းတန်ဖြစ်ရပ်ကြောင့် ဟာလန်းတစ်ယောက် ကွင်းလယ်ဒိုင်ကို ဒေါသတကြီး ပေါက်ကွဲခဲ့ပါတယ်။


ဟာလန်း ပြစ်ဒဏ်ဘောကျူးလွန်ခံရချိန်မှာ ကွင်းလယ်ဒိုင်က Advantage ပေးထားပြီးမှ ဂရစ်လစ်ရှ် လွတ်လွတ်ကျွတ်ကျွတ် ဘောလုံးရသွားချိန်မှာ ခရာမှုတ်ကာ ပြစ်ဒဏ်ဘော ပြန်ပေးခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်သာ ဝီစီအမှုတ်မခံခဲ့ရင် ဂရီလစ်ရှ်တစ်ယောက် အနိုင်ဂိုးရရှိမယ့် အပိုင်အခွင့်အရေးကို လွတ်လွတ်ကျွတ်ကျွတ် အသုံးချခွင့်ရရှိမှာပါ။

ဒါပေမယ့် ကွင်းလယ်ဒိုင်က ဝီစီမှုတ်လိုက်တာကြောင့် ဟာလန်းတို့အဖွဲ့ စိတ်ပျက်ခဲ့ရပြီး ပွဲအပြီးမှာရော၊ ဆိုရှယ်မီဒီယာပေါ်မှာ ဟာလန်းက ကွင်းလယ်ဒိုင်ကို ဆဲဆိုခဲ့ပါတယ်။ ဟာလန်းရဲ့ အခုလိုမျိုး စောဒကတက်ပုံတွေကလည်း ပရိသတ်တွေအတွက် ထရိုးလ်စရာ ကုန်ကြမ်းကောင်းတစ်ခုဖြစ်နေပါတယ်။
ဟာလန်းကိုယ်တိုင်ကလည်း ဒီလိုမျိုး ထရိုးလ်ခံရတဲ့ပုံတွေကို သဘောကျနေပြီး အဆိုပါပုံတစ်ပုံကို X မှာ “ဒီနေ့မှာ ငါ့ကို ပထမဆုံးရယ်အောင် လုပ်နိုင်တာ ဒီပုံပဲ” လို့ ကပ်ရှင်ရေးသားပြီး Retweet လုပ်ခဲ့ပါတယ်။ မန်စီးတီးအတွက်ကတော့ ဒီသရေပွဲက တော်တော်လေး နစ်နာတဲ့ သရေပွဲဖြစ်ပြီး ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၃) ပွဲဆက်တိုက် သရေကျခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က