လူငယ်ကြယ်ပွင့်အစား ကက်စ်မဲရိုးကို ရောင်းစေချင်နေတာပါ။

ယူနိုက်တက်ပရိသတ်တွေဟာ ကွင်းလယ်မှာ ခြေစွမ်းပိုင်း တော်တော်လေး ကျဆင်းလာတဲ့ ကက်စ်မဲရိုးကို အသင်းကနေ ရောင်းထုတ်ဖို့ တောင်းဆိုနေကြပါတယ်။ ကက်စ်မဲရိုးဟာ နွေရာသီ ခြေစမ်းပွဲတွေမှာလည်း ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပါဘူး။



လီဗာပူးကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ နောက်ဆုံးသော ရာသီကြိုခြေစမ်းပွဲမှာလည်း ကက်စ်မဲရိုးက အမှားအယွင်းတွေ ကျူးလွန်ခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာ တန်ဟက်ခ်က ရာသီသစ်အတွက် ဘယ်လူငယ်ကြယ်ပွင့်တွေကို အသင်းကြီးဆီ ခေါ်ထားမလဲ ဆုံးဖြတ်နေရပါပြီ။

ကွင်းလယ်ခံစစ်မှာ ကစားတဲ့ ကိုလ်ရာက ပြီးခဲ့တဲ့ခြေစမ်းပွဲတွေမှာ ယူနိုက်တက်အတွက် ခြေစွမ်းပြခဲ့ပါတယ်။ တန်ဟက်ခ်ကလည်း ဒီကစားသမားရဲ့ ခြေစွမ်းကို အထင်ကြီးနေသည့်တိုင် ပိုမိုတိုးတက်လာစေဖို့အတွက် အငှားချသွားဖို့ ပြင်ဆင်နေတာပါ။

အဲ့ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေက ကက်စ်မဲရိုးကိုသာ လက်လွှတ်ခံပြီး ကိုလ်ရာကို အသင်းမှာပဲ ဆက်ထားဖို့ တောင်းဆိုနေကြတာပါ။ ယူနိုက်တက်ရဲ့ နောက်ခံအစွန်လူ အာမက်စ်ကတော့ လာမယ့်ရာသီသစ်မှာ အသင်းကြီးနဲ့အတူ ပါဝင်ခြေစွမ်းပြနိုင်ခွင့်ရဖို့ ရေပန်းစားနေပါတယ်။

Share

Loading Next Article...
က္က