ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူတိုနီခရူးစ်က သူတို့အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့သွားတဲ့ ကွင်းလယ်ခံစစ်ကစားသမားကက်စ်မဲရိုးကို တမ်းတမိတဲ့အချိန်တွေရှီတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ကက်စ်မဲရိုးကတော့ ယူနိုက်တက်ကို ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့သွာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းရဲ့ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေပြီဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ကက်စ်မဲရိုးရဲ့ အပြောင်းအရွှေ့သတင်းကို အံ့အားသင့်ခဲ့ရတယ်လို့လည်း ခရူးစ်က ဖွင့်ဟခဲ့ပါတယ်။ ကက်စ်မဲရိုးကတော့ ရီးရဲလ်မှာ ဆုဖလား ၁၈ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပြီး လာလီဂါဖလား ၃လုံး၊ ချန်ပီယံလိဂ် ဖလား ၅ လုံးအထိ ပါဝင်ခဲ့ပါတယ်။ စပိန်ရုပ်သံသတင်းဌာနတခုဖြစ်တဲ့ Universo Valdano အစီအစဉ်ကတဆင့် တိုနီခရူးစ်က အခုလိုပြောဆိုခဲ့ပါတယ်။
"သူ ထွက်ခွာသွားတာကို ကျနော်အံ့အားသင့်မိတယ်၊ သူ မပြောင်းရွှေ့ခင် ၂ ရက်အလိုမှာ ကောလဟလသတင်းတွေ စထွက်လာတယ်၊ ဒါပေမယ့် ဒီအသင်းမှာက အဲလိုသတင်းတွေက အများကြီးပဲလေ၊ အချိန်တိုင်းထွက်နေတာ၊ ပြီးတော့ ဘာမှဖြစ်လာတာ မဟုတ်ဘူး၊ ဒါပေမယ့် သူ အသင်းပြောင်းတော့မယ်လို့ ကျနော့်ကို ပြောချိန်မှာ ဝမ်းနည်းမိခဲ့တယ်"
"ဘာလီု့လဲဆိုတော့ သူနဲ့အတူရှိနေခဲ့တဲ့ နှစ်တွေတလျှောက်လုံး၊ အတူတူအနိုင်ရခဲ့တာတွေ၊ အရာအားလုံးကို ကျနော်သတိရမိသွားလို့ပါ၊ ကျနော့်ရဲ့ အခန်းကဏ္ဍကလည်း နည်းနည်းပြောင်းလဲသွားတယ်၊ ချူဝါမန်နီက ကက်စ်မဲရိုးနေရာမှာ ကစားနိုင်ပေမယ့် နည်းနည်းကွဲပြားတာကြောင့် ကျနော်က ခံစစ်ကို နည်းနည်းကူပေးရတယ်၊ ဒါကို သဘောကျပါတယ်၊ အများကြီးပြောင်းလဲသွားတာတေ့ာမဟုတ်ဘူး"
"ကျနော်က ဘောလုံးကိုင်ကစားချင်တာ၊ ဘောလုံးအကြိမ် ၁၀၀ ပြီး ဂိုးမသွင်းနိုင်တာကို အကြိမ် ၄၀ ထိပြီး ဂိုးရတာထက် ပိုကြိုက်တယ်၊ ဒါက ကျနော့်ကို သက်တောင့်သက်သာပိုရှိစေတယ်၊ ဒါပေမယ့် အသင်းမှာ တိုက်စစ်ကိုပံ့ပိုးပေးနိုင်သူတွေ အများကြီးပါ၊ ခံစစ်ကိုကူညီပေးဖို့တော့ နည်းနည်းပဲရှိတယ်၊ ဒီတာဝန်ကို ကျနော်ယူရတာ သဘောကျပါတယ်" လို့ ခရူးစ်က ပြောဆိုခဲ့ပါတယ်။