ကက်စ်မဲရိုးက ယူနိုက်တက်ကို ပြောင်းရွှေ့သွားတာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ကွင်းလယ်လူ ကက်စ်မဲရိုးရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေမယ့် ဒီကစားသမားအနေနဲ့ ရုန်းကန်နေရတဲ့အသင်းတသင်းကို ပြောင်းဖို့ ဥရောပချန်ပီယံအသင်းတသင်းဆီက ထွက်ခွာသွားတဲ့အပေါ် ဘာမှပြန်မပြောနိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ကက်စ်မဲရိုးနဲ့ယူနိုက်တက်တို့ရဲ့ အပြောင်းအရွှေ့ကို နှစ်သင်းလုံးက တရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။



ယူနိုက်တက်ဟာ အဆိုပါဘရာဇီးကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀) နဲ့ အပိုဆုကြေး ယူရို (၁၀) သန်းပေးချေရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကက်စ်မဲရိုးဟာ ယူနိုက်တက်ရဲ့ လုပ်ခအများဆုံးရ ကစားသမားတွေထဲက တယောက်ဖြစ်လာမှာပါ။

ဒီကစားသမားအနေနဲ့ ရာသီကုန်မှာသာ ယူနိုက်တက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ်ဆိုရင်လည်း လစာက အခုထက် တိုးမြှင့်ရရှိဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ယူနိုက်တက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၂၀) ကို ရောက်ရှိနေတဲ့အသင်းတသင်းဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အန်ဆယ်လော့တီက “ကက်စ်မဲရိုးရှိသည်ဖြစ်စေ၊ မရှိတော့ဘူးဖြစ်စေ ကျနော်တို့ ဘာမှမပြောင်းလဲပါဘူး”

“ချန်ပီယံဆုတွေအတွက် ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်နေဦးမှာပါ။ ကက်စ်မဲရိုးက ကျနောတို့အတွက် အဓိကကျတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ သူက တိုနီကရူးစ်၊ မိုဒရစ်တို့အတွက် အရေးပါခဲ့ပြီး အောင်မြင်မှုတွေအတွက် အဓိကျတဲ့ အတွဲအဖက်ဖြစ်ခဲ့ပါတယ်။ အသင်းဖော်တွေကလည်း ကက်စ်မဲရိုးရဲ့ ဆုံးဖြတ်ချက်အပေါ် လေးစားပြီး လက်ခံကြပါတယ်”

“သူ့အနေနဲ့ စိန်ခေါ်မှုအသစ်တွေအတွက် ကြိုးစားချင်ပြီး ကျနော်တို့ ဒါကို လက်ခံပေးရပါမယ်။ ဒါပေမယ့် သူက ရုန်းကန်နေရတဲ့အသင်းတသင်းကို သွားဖို့ ဘာကြောင့် ဥရောပချန်ပီယံအသင်းတသင်းကနေ ထွက်ခွာသွားလဲဆိုတဲ့အပေါ်မှာတော့ ကျနော်လည်း မသိပါဘူး။ ဒါက သူ့ရဲ့ပုဂ္ဂိုလ်ရေးဆုံးဖြတ်ချက်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က