သောမတ်ပါတေးကို ကော်လံကဆွဲ လည်ပင်းညှစ်ခဲ့တာပါ။

မန်စီးတီးနဲ့ အာဆင်နယ်တို့ ကစားခဲ့တဲ့ ညက ပွဲစဉ်မှာ မန်စီးတီးတိုက်စစ်ကစားသမား ဂရီလစ်ရှ်က အာဆင်နယ်ကွင်းလယ်လူသောမတ်စ်ပါတေးကို လည်ပင်းညှစ်ခဲ့ပေမယ့် အနီကတ်မထိခဲ့လို့ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာနဲ့ VAR ဒို်တွေ ဝေဖန်ခံနေရပါပြီ။ ပွဲချိန်အတွင်း နှစ်ဖက်အသင်းသားတွေ အငြင်းပွားခဲ့ကြချိန်မှာ ဂရီလစ်ရှ်နဲ့ ပါတေးတို့က ထပ်ငြိခဲ့တာပါ။

ဆာကာနဲ့ ရူဘင်ဒီယက်စ်တို့ကြားမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက် နှစ်ဖက်အသင်းသားတွေပါ ဝင်လာခဲ့ပြီး ဆွဲသူကဆွဲသလို ရန်ဖြစ်နေတဲ့သူတွေက ဖြစ်နေခဲ့ကြပါတယ်။ ဒီအချိန်မှာ ဂရီလစ်ရှ်က ပါတေးရဲ့ ဂျာစီကော်လံကနေ ဆုပ်ကိုင်ကာ ရန်မူခဲ့ပြီး သူ့အပြုအမူက ထင်ထင်ရှားရှားရှိခဲ့ပေမယ့်လည်း အဝါကတ်သာ ပြသခံခဲ့ရပါတယ်။ 

ဒီအပေါ်မှာ ပရိသတ်တ​ွေက ဝေဖန်နေကြပြီး မန်ချက်စတာယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေ့စ်ပွဲစဉ်တုန်းက ပြိုင်ဘက်ကစားသမားကို လည်ပင်းညှစ်သလိုလုပ်ခဲ့တဲ့ ကက်စ်မဲရိုးတယောက် အနီကတ်ထိတာနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ကြပါတယ်။ အဆိုပါပွဲတုန်းက ကက်စ်မဲရိုးက လည်ပင်းညှစ်သလိုဖြစ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ လက်တင်ထားရုံသာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ကတော့ VAR ကြည့်ကာ အနီကတ်ပြခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကက်စ်မဲရိုးက နှစ်ဖက်အသင်းရန်ဖြစ်နေရင်တောင် ဝင်မပါတော့ဘဲ ရှောင်ရှားနေခဲ့ပါတော့တယ်။ 

ဂရီလစ်ရှ်ကိုလည်း အနီကတ်ပြသသင့်တယ်လို့ မှတ်ချက်ပြုနေကြပြီး အင်္ဂလန်သားဖြစ်နေလို့ မပြတာလာလို့ မေးခွန်းထုတ်နေကြပါတယ်။ ပရီးမီးယားလိဂ်အနေနဲ့ ကစားသမားတွေအပေါ်မှာ စည်းကမ်းချက်တခုတည်းနဲ့ အရေးယူနေတာမျိုးမဟုတ်ဘဲ အထူးသဖြင့် အင်္ဂလန်သားတွေဆိုရင် အခွင့်အရေးပေးကာ လက်သင့်ရာစားတော်ခေါ်ပြီး မျက်နှာသာပေးနေတယ်လို့လည်း စွပ်စွဲခံနေရပါတယ်။ 


Share

Loading Next Article...
က္က