မန်ချက်စတာယူနိုက်တက်အသင်းကတော့ လီဗာပူးလ်ကို အရှက်ရဖွယ် အရေးနိမ့်အပြီး ဘက်တစ်နဲ့ကစားရမယ့် ယူရိုပါလိဂ်ပွဲအတွက်လည်း ဇောချွေးပြန်ရဖွယ်ရှိနေပြန်ပါပြိ။ အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်လူ ကက်စ်မဲရိုးက ကြံ့ခိုင်မှုမပြည့်၀ဘူးလို့ သိရပြီး ဘက်တစ်နဲ့ပွဲကို ဝင်ရောက်ကစားပေးဖို့အတွက် နောက်ဆုံးအချိန်ထိ စောင့်ကြည့်ရဖွယ်ရှိတယ်လို့ သိရပါတယ်။
လာမယ့်ကြာသပေးတေးနေ့မှာ ဘက်တစ်နဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ကို အိုးထရက်ဖို့ဒ်မှာ ကစားရမှာဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ယူရိုပါလိဂ်ဖလားကလည်း အဓိကဆုဖလားအဖြစ် ပစ်မှတ်ထားထားတာဖြစ်ပြီး ကက်စ်မဲရိုးသာ မကစားပေးနိုင်ဘူးဆိုရင်တေ့ာ ထုံးစံအတိုင်း သူတို့အသင်းခံစစ်ကြောင်းက ဘက်တစ်ရဲ့ ဒုက္ခပေးမှုတွေကို ရင်ဆိုင်ရဖွယ်ရာ ရှိလာမှာပါ။
ဒီရာသီမှာ ကက်စ်မဲရိုးမကစားနိုင်ခဲ့တဲ့ ပွဲတွေဆိုရင် ယူနိုက်တက်ခံစစ်က ဂိုးတွေပေးနေရပြီး တိုက်စစ်ပိုင်းကလည်း ဂိုးရနှုန်းကျဆင်းလေ့ရှိနေတာပါ။ သူက အသင်းရဲ့ အဓိကကျတဲ့ ကစားသမားအဖြစ်ရှိနေပြီး သူ မကစားနိုင်ဘူးဆိုရင် တန်ဟက်ဂျ်အတွက်တော့ ခေါင်းစားရတော့မှာဖြစ်ကာ ကွင်းလယ်ပိုင်းမှာ ဖရက်ဒ်ကို မက်တော်မီနေးနဲ့ တွဲဖက်ပေးရဖွယ်ရှိနေပါတယ်။
ကက်စ်မဲရိုးက ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၃၅ ပွဲအထိ ကစားပေးထားပြီး ၅ ဂိုးသွင်းကာ ၅ ကြိမ်ဖန်တီးပေးထားပါတယ်။ ပြိုင်ဘက်အသင်းတိုက်စစ်လမ်းကြောင်းတွေကို ဟန့်တားပေးပြီး တိုက်စစ်ကို ပြန်လည်စတင်ဖို့ တိုက်စစ်လမ်းကြောင်းတွေကိုလည်း ရှာဖွေပေးနေသူဖြစ်ကာ တန်ဟက်ဂျ်အားအကိုးရဆုံး ကစားသမားတွေထဲက တဦးအဖြစ်နဲ့လည်း ရပ်တည်နေသူဖြစ်ပါတယ်။