ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ကက်စ်မဲရိုးနေရာအတွက် ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး မိနစ် ၉၀ အပြည့်ပါ ကစားပေးခဲ့တဲ့ ချူဝါမန်နီဟာ တော်တော်လေးကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသသွားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ ချူဝါမန်နီဟာ ရီးရဲလ်အတွက် ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်သလို မိနစ်အပြည့်ပါ ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ကက်စ်မဲရိုးရဲ့ ကွင်းလယ်ခံစစ်နေရာမှာ အန်ဆယ်လေ့ာတီက သူ့ကိုထားကစားစေခဲ့ပြီး မိုဒရစ်၊ ကာမာဗင်ဂါတို့နဲ့ တွဲဖက်ပေးခဲ့တာပါ။ ချူဝါမန်နီက အခွင့်အရေးရချိန်မှာ အကောင်းဆုံးခြေစွမ်းကို ပြသခဲ့ပြီး ကက်စ်မဲရိုးနေရာအတွက် သူ အပြည့်အ၀အစားထိုးတာဝန်ယူနိုင်တယ်ဆိုတာကို ပြသသွားခဲ့ပါတယ်။
အဆိုပါပွဲက ချူဝါမန်နီရဲ့ စွမ်းဆောင်ရည် ကိန်းဂဏန်းအချက်အလက်တွေကတော့ -
ဘောလုံးထိချက် ၈၈ ကြိမ်
ပေးပို့မှု ၆၁ ကြိမ် မှန်ကန်
Dribbles ၃ ကြိမ်စလုံးအောင်မြင်ခဲ့
တဦးချင်းတွေ့ဆုံမှု ၈ ကြိမ်မှာ ၆ ကြိမ်အနိုင်ရခဲ့
ဘောလုံးပြန်ဆယ်ယူနိုင်မှု ၉ ကြိမ်
ရှင်းထုတ်မှု ၄ ကြိမ်
ကြားဖြတ်လုယူမှု ၃ ကြိမ်
ဖျက်ထုတ်မှု ၃ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ခံစစ်သမားတဦးအနေနဲ့ တော်တော်လေးကောင်းမွန်တဲ့ စွမ်းဆောင်ရည်ဖြစ်ပြီး အထူးသဖြင့် ဘောလုံးဆယ်ယူမှု၊ ဖျက်ထုတ်မှု၊ ကြားဖြတ်လုယူမှု၊ ရှင်းထုတ်မှုတွေ အရမ်းကောင်းမွန်ခဲ့တာကို တွေ့ရမှာလည်းဖြစ်ပါတယ်။
ကက်စ်မဲရိုး အသင်းပြောင်းရွှေ့တေ့ာမယ်လို့ အန်ဆယ်လော့တီက အတည်ပြုခဲ့ချိန်မှာ သူ့နေရာအတွက် အစားထိုးနိုင်မယ့်ကစားသမားတွေ အသင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။ အဆိုပါကစားသမားက ချူဝါမန်နီလို့ အားလုံးက နားလည်ထားခဲ့ကြပြီး အသက် ၂၂နှစ်သာ ရှိသေးတဲ့ ပြင်သစ်ကြယ်ပွင့်က သူ့ကို ယူရိုသန်း ၁၀၀ ပေးပြီး ဘာလို့ ခေါ်ယူခဲ့လဲဆိုတာကို သက်သေပြခဲ့ပြီဖြစ်ပါတယ်။