ပရိသတ်တွေက ချီးကျူးပြောဆိုခဲ့သလို နေမာလည်း ချီးကျူးခဲ့ပါတယ်။

ဆွစ်ဇာလန်နဲ့ပွဲမှာ ဘရာဇီးလ်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူကက်စ်မဲရိုးဟာ ကန်သွင်းချက်ဟာ ထိပ်တန်းအဆင့်တိုက်စစ်မှူးတဦးရဲ့ ပုံစံလို့ ဘရာဇီးလ်ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ ပွဲကစားချိန် ၈၃ မိနစ်မှာ ကက်စ်မဲရိုးက ပြိုင်ဘက်အသင်းဧရိယာထဲထိ လိုက်ပါခဲ့ပြီးနောက် အသင်းဖော်ဖန်တီးပေးမှုကို လှလှပပအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ 

ဒီနိုင်ပွဲနဲ့အတူ ဘရာဇီးလ်က ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။ နေမာ မကစားနိုင်ချိန်မှာ ဘရာဇီးလ်တိုက်စစ်ပိုင်းက အနည်းငယ်အားနည်းသွားပြီး ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဗင်နီရှပ်ရဲ့ ဘယ်တောင်ပံကနေ ထိုးဖောက်လာပြီးနောက် ဧရိယာအပြင်မှာရှိတဲ့ ရိုဒရိုင်ဂိုကို ပေးခဲ့ပြီး ရိုဒရိုင်ဂိုက ကက်စ်မဲရိုးဆီ ညာခြေနဲ့ အသာလေးပြန်ထိုးပေးခဲ့ကာ ကက်စ်မဲရိုးက ဆွစ်ဇာလန်ဂိုးသမားယန်းဆွန်းမား လှုပ်ချိန်တောင်မရလောက်အောင် ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ နေမာကိုယ်တိုင်က သူ့ရဲ့တွစ်တာမှာ "ကက်စ်မဲရိုးက ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူအဖြစ်နဲ့ အချိန်တွေအကြာကြီးရှိနေခဲ့တဲ့သူပါ" လို့ ရေးသားချီးကျူးခဲ့ပါတယ်။ ပရိသတ်တွေကလည်း တွစ်တာမှာ ကက်စ်မဲရိုးရဲ့ မြေမကျကန်သွင်းချက်နဲ့ ပတ်သက်ပြိး "သံသယဝင်နေသူတွေအတွက် လုံလောက်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်၊ သူက နေမာနဲ့အတူ ဘရာဇီးလ်ရဲ့ အကောင်းဆုံးကစားသမားပဲ"

"ကက်စ်မဲရိုးက ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ခံစစ်လူ၊ တခြားတခုခုပြောမယ်ဆိုရင်တော့ အဲဒါ မင်းကိုယ်မင်း လှည့်စားနေတာပဲ" လို့ ပြောဆိုခဲ့ကြပါတယ်။ ကက်စ်မဲရိုးကတော့ သူ့ရဲ့ ကစားသမားဘ၀မှာ အသင်းဂိုးလိုအပ်ချိန်တိုင်း ခေါင်းတိုက်သွင်းဂိုးတွေ၊ ပြင်းထန်အားပါတဲ့ အဝေးကန်ချက်တွေနဲ့ ဂိုးရအောင် ယူပေးလေ့ရှိတဲ့ ကစားသမားတဦးလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က