တမင်အဝါကတ်ရယူဖို့အတွက် ကြံစည်ခဲ့တာပါ။

ဘရာဇီးလ်ကွင်းလယ်လူဟာ အသင်းဖော်တွေ အောင်ပွဲခံနေချိန်မှာ သွားရောက်အောင်ပွဲမခံဘဲ နည်းပြဆီသွားကာ သူ အဝါကတ်ရယူရမလားလို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။ 


ရှာရစ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အဝါကတ်ရယူပြီး ၁၆ သင်းအဆင့်မှာ ပြစ်ဒဏ်တွေကင်းရှင်းအောင်လုပ်ဖို့ကြံစည်ခဲ့တဲ့ ရီးရဲလ်ကွင်းလယ်လူကက်စ်မဲရိုးရဲ့ အကြံအစည်တွေဟာ နည်းပြအန်ဆယ်လော့တီကြောင့် ပျက်ပြယ်သွားခဲ့ရပါတယ်။ ဘရာဇီးလ်ကွင်းလယ်လူဟာ အသင်းဖော်တွေ အောင်ပွဲခံနေချိန်မှာ သွားရောက်အောင်ပွဲမခံဘဲ နည်းပြဆီသွားကာ သူ အဝါကတ်ရယူရမလားလို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။ 



ဒီဖြစ်ရပ်ကို ရုပ်သံကင်မရာတွေက အမိအရရိုက်ကူးခဲ့ပြီး ဘာတွေပြောနေခဲ့လဲဆိုတာကိုပါ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ရီးရဲလ်က အဆိုပါပွဲကိုအနိုင်ရရှိခဲ့လို့ အင်တာမီလန်နဲ့ကစားရမယ့် အုပ်စုနောက်ဆုံးပွဲရလဒ်က အရေးမပါတော့ဘဲ အဓိကကစားသမားတွေကို အနားပေးနိုင်မှာဖြစ်ပါတယ်။ အုပ်စုပွဲစဉ်တွေမှာ ရရှိခဲ့တဲ့ ပြစ်ဒဏ်တွေကို နောက်အဆင့်တွေမှာလည်း ဆက်လက်သတ်မှတ်မှာဖြစ်လို့ ကက်စ်မဲရိုးက အထက်ပါအတိုင်းကြံစည်ခဲ့တာပါ။ 



ကက်စ်မဲရိုးက "ကျွန်တော်အဝါကတ်ယူလိုက်ရမလား၊ ဒါဆိုရင် အင်တာမီလန်နဲ့ပွဲကို လွဲပြီ၊ ၁၆ သင်းအဆင့်ကိုရောက်ချိန်မှာ ကျွန်တော့်ပြစ်ဒဏ်အားလုံးကင်းရှင်းသွားလိမ့်မယ်" လို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အန်ဆယ်လော့တီကတော့ မလုပ်နဲ့လို့ ပြန်လည်ပြောဆိုခဲ့ကာ ကက်စ်မဲရိုးတစ်ယောက် သူ့အကြံအစည်ကို အကောင်အထည်ဖော်ခွင့်မရခဲ့ဘဲ နည်းပြဆန္ဒအတိုင်းသာ ရှိနေခဲ့ရပါတယ်။ 

ကက်စ်မဲရိုးက အုပ်စုတွင်းမှာ အဝါကတ် ၂ ကတ်အထိ ပြသခံထားရပြီးဖြစ်ကာ နောက်တကတ်အပြခံရပါက အလိုအလျောက်နောက်တပွဲပယ်ခံရတော့မှာဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို နည်းပြဟောင်းမော်ရင်ဟိုလက်ထက်က ပြုလုပ်ခဲ့ဖူးပြီး ၂၀၁၀ နိုဝင်ဘာလအတွင်းက အေဂျက်ဇ်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အလွန်ဆိုနဲ့ ရာမို့စ်တို့ကို အဝါကတ်ယူဖို့ မော်ရင်ဟိုက ညွှန်ကြားခဲ့ပြီး အရေးကြီးတဲ့အဆင့်တွေမှာ ပြစ်ဒဏ်ကင်းရှင်းနေအောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က