မိုင်နူးရဲ့ ကစားဟန်ကို ဝေဖန်ခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ နည်းပြဟောင်းကြီး ဂရေမီဆောင်းနက်စ်က အင်္ဂလန်နဲ့အတူ ယူရိုပြိုင်ပွဲနွှဲခဲ့တဲ့ ကိုဘီမိုင်နူးရဲ့ ကစားပုံကို ဝေဖန်ပြောကြားလိုက်ပါတယ်။ မိုင်နူးဟာ အင်္ဂလန်နဲ့အတူ ယူရို-၂၀၂၄ မှာ ဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တာပါ။



အစပိုင်းမှာ မိုင်နူးက ပွဲထွက်ခွင့်မရခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ဒကလန်ရိုက်စ်နဲ့ တွဲပြီး ကွင်းလယ်မှာ နေရာရခဲ့ပါတယ်။ စပိန်နဲ့ ကစားခဲ့တဲ့ ယူရိုဖိုင်နယ်မှာလည်း မိုင်နူးက ကစားခွင့်ရရှိခဲ့ပြီး နယ်သာလန်နဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်မှာလည်း မိုင်နူးရဲ့ လုပ်အားနှုန်းကို ချီးကျူးခဲ့ကြပါတယ်။

ဒါပေမယ့် ဆောင်းနက်စ်ကတော့ “မိုင်နူးက ဘောလုံးကိုင်ထားရင် အရမ်းကောင်းတယ်လို့ ထင်ပါတယ်။ အရည်အချင်းလည်း ရှိပါတယ်။ ဒါပေမယ့် သူက သူ့နေရာကိုသူ နားမလည်ပါဘူး။ သူ့ကြောင့် ကွင်းလယ်မှာ နေရာလွတ်တွေ အများကြီးဖြစ်ခဲ့ပါတယ်။ ကျနော် အိုက်စလန်နဲ့ ခြေစမ်းပွဲကတည်းက ကြည့်နေတာပါ”

“သူက ဘယ်တောင်ပံတွေ၊ ညာတောင်ပံတွေကို ထွက်ထွက်သွားခဲ့တာပါ။ ဆာဘီးယားနဲ့ပွဲမှာ လူစားဝင်လာတုန်းကလည်း သူ ပထမဆုံး လုပ်ခဲ့တာက ပြိုင်ဘက်ဂိုးသမားကို လိုက်ပြီး ဖိအားပေးတာပါ။ သူက နုံချာတဲ့ ကစားပုံတွေကို ပြသနေတာပါ။ သူ သင်ယူရမှာတွေ ရှိပါသေးတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က