နောက်နှစ် နှစ်လယ်လောက်မှာ ထွက်လာတော့မှာပါ

Metaverse ဟာ နည်းပညာကုမ္ပဏီကြီးတွေရဲ့ နောက်ထပ် ပရောဂျက်တစ်ခု ဖြစ်လာပါတယ်။ 

Microsoft Corp ကလည်း ကုမ္ပဏီထုတ် ဆော့ဖ်ဝဲလ်တွေကို လာမယ့်နှစ်ကစပြီး Metaverse ဗားရှင်းအဖြစ် ဖန်တီးတော့မယ်လို့ ကြေညာပါတယ်။ Metaverse လို့ ခေါ်တဲ့ ပုံရိပ်ယောင်ဆက်သွယ်ရေးကမ္ဘာထဲမှာ အလုပ်လုပ်တာ ၊ ဆက်သွယ်တာ ၊ ဖျော်ဖြေရေးတွေ ခံစားတာကနေ နေထိုင်မှုအထိ ချိတ်ဆက်သွားမယ့်အစီအစဉ်တွေ လာတော့မှာလို့ ဆိုရမှာပါ။ 



လောလောဆယ် Microsoft ရဲ့ ရုပ်သံအစည်းအဝေးလုပ်နိုင်တဲ့ ပလက်ဖောင်း Microsoft's Team မှာ ဒီဂျစ်တယ်လူပုံတူ Avatars ပါတဲ့ ဗားရှင်းကို စမ်းသပ်နေပြီး လာမယ့် ၂၀၂၂ ပထမနှစ်ဝက်အတွင်းမှာ ဖြန့်ချိသွားဖို့ ရှိတယ်လို့လည်း The Verge သတင်းက ဆိုပါတယ်။။ Microsoft Teams သုံးစွဲသူတွေအနေနဲ့ AR/VR Headset တွေအကူအညီနဲ့ Virtual Space တစ်ခုထဲမှာ အစည်းအဝေးအတူ တက်နိုင်တော့မှာပါ။


Photo: knowtechie

လူပုံ Avatar ပုံတူ ဖန်တီးဖို့ Microsoft ဟာ အဲ့ဒီလူရဲ့ အသံကို AI အသုံးပြုပြီး နားထောင်မှာ ဖြစ်ပါတယ်။ Microsoft Teams ဟာ metaverse ပတ်ဝန်းကျင်တစ်ခုထဲ ဝင်ဖို့ 3D Avatars သစ်တွေ ထုတ်ပေးပြီး ဒီ avatars တွေ သုံးဖို့ VR Headset မလိုအောင်လည်း ထုတ်ထားတယ်လို့ ဆိုပါတယ်။ လူကိုယ်ပွား Avatars တွေဟာ 2D နဲ့ 3D အစည်းအဝေးတွေမှာ သုံးစွဲသူကို ကိုယ်စားပြုသွားမှာ ဖြစ်ပါတယ်။

Microsoft ဖောက်သည်တွေဟာ Virtual World ထဲမှာ နေရင်း PowerPoint လို Features တွေနဲ့ Office Files တွေလည်း ပြန် Share နိုင်မယ်လို့ ဆိုပါတယ်။ Teams features သစ်တွေကို ဒီတစ်ပတ် အင်္ဂါနေ့က ကုမ္ပဏီရဲ့ Ignite Conference ပွဲမှာ ကြေညာခဲ့တာ ဖြစ်ပြီး ဒီကွန်ဖရင့်မှာ စီးပွားရေးလုပ်ငန်းကြီးတွေအနေနဲ့ ဝန်ထမ်းတွေနဲ့ အစည်းအဝေးလုပ်နိုင်အောင် ကြီးမားတဲ့ နေရာဖန်တီးဖို့ ရည်ရွယ်တာပါ။ တစ်နည်းအားဖြင့် Teams ထဲမှာ စီးပွားရေးလုပ်ငန်းတွေဟာ ကိုယ်ပိုင် Virtual Spaces (Metaverses) တွေ ဆောက်နိုင်မှာ ဖြစ်ပါတယ်။

နှစ်ဆန်းပိုင်းကလည်း Microsoft ဟာ ကုမ္ပဏီပိုင် HoloLens တွေ အပါအဝင် Goggles မျက်မှန်တွေနဲ့ AR/VR ပုံရိပ်ယောင်အတွေ့အကြုံမျိုးတွေ ရယူနိုင်မယ့် Mesh လို့ ခေါ်တဲ့ နည်းပညာကို ကြေညာခဲ့ပါတယ်။ 3D ပုံရိပ်ပြနိုင်မယ့် ထုတ်ကုန်မသုံးတဲ့ သုံးစွဲသူတွေကတော့ Content နဲ့ ဒီဂျစ်တယ်လူပုံ Avatar တွေကို နှစ်ဖက်မြင် 2D နဲ့ပဲ ကြည့်ရှုခံစားနိုင်မယ်လို့ ဆိုပါတယ်။ 

"Metaverse ကို ဗားရှင်းသစ်အနေနဲ့ စဉ်းစားကြည့်ပါ။ အင်တာနက်ဗားရှင်းသစ်မျိုးပေါ့။ အဲ့ဒီမှာ လူတွေဟာ ဘယ်ထုတ်ကုန်နဲ့မဆို ကိုယ့်ရဲ့ ပုံရိပ်ယောင်တည်ရှိမှုနဲ့ပဲ လူတွေကို ဆက်သွယ်နိုင်မယ် ၊ သူတို့နဲ့ လက်တွဲပြီး အလုပ်တွေ လုပ်နိုင် မျှဝေနိုင်ပါလိမ့်မယ်"လို့ Microsoft ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


Photo: seattletimes

Microsoft Teams ၊ SharePoint နဲ့ OneDrive တို့ကို ကိုင်တွယ်နေတဲ့ ဒုဥက္ကဌ ဂျက်ဖ်တပ်ပါကလည်း ဒီ Tools တွေဟာ ပုံရိပ်ယောင်လောက တစ်နေရာတည်းမှာပဲ အစုအဖွဲ့လို တည်ရှိစေပြီး အရင်လို ကရိကထများစရာမလိုဘဲ အလုပ်တွင်ကျယ်လာမယ်လို့ ပြောထားပါတယ်။ Microsoft ဟာ Dynamics 365 Connected Spaces လို့ခေါ်တဲ့ ထုတ်ကုန်တစ်မျိုးလည်း အင်္ဂါနေ့က ပြသခဲ့ပါတယ်။ ဒီထုတ်ကုန်ဟာ လက်လီစတိုးနဲ့ စက်ရုံတွေရဲ့ အချက်အလက်တွေကို AI နည်းပညာသုံးပြီး ရယူနိုင် ၊ ကောက်ချက်ဆွဲနိုင်အောင် ထုတ်ထားတာပါ။


ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကလည်း Facebook ဟာ Metaverse ကို သွားမယ့်အစီအစဉ်တွေအကြောင်း ချပြခဲ့ပြီး ကုမ္ပဏီနာမည်ကိုလည်း Meta အဖြစ် ပြောင်းလဲခဲ့ပါတယ်။ Meta လုပ်ငန်းစုဟာ Metaverse စီမံကိန်းအတွက် ဒေါ်လာ ၁၀ ဘီလျံရင်းနှီးမြှပ်နှံထားကြောင်းလည်း ကြေညာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က