ဘိုင်ယန်နဲ့ပွဲက ဖြစ်ရပ်ကို အာတီတာက ပြောခဲ့တာပါ။

အာဆင်နယ်နည်းပြ အာတီတာကတော့ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်ရဲ့ လက်ထိဘောကတစ်ဆင့် ပင်နယ်တီမပေးခဲ့ရတာက မှန်ကန်ကြောင်း ပြောကြားခဲ့ပါတယ်။



အဆိုပါပွဲမှာ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပြီး အငြင်းပွားစရာတွေ ဖြစ်ခဲ့တာပါ။ အာဆင်နယ်ဂိုးသမား ရာယာက ဂိုးလွန်ဘောကို ကန်တင်ဖို့ တည်ပြီး ဂါဘရီရယ်ကို ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီဘောလုံးကို ဂါဘရီရယ်က ရုတ်တရက် လက်နဲ့ကောက်ကိုင်ပြီး ပြန်တည်ကာ ရာယာကို ပေးခဲ့ပါတယ်။

ဒီဖြစ်ရပ်က အမှန်တကယ်ဆိုရင် In Play အနေအထားမျိုးဖြစ်သွားခဲ့ပါပြီ။​ ဒါပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီမပေးခဲ့ဘဲ ဘိုင်ယန်မြူးနစ် ကစားသမားတွေက စောဒကတက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက်လည်း အာတီတာက “ကျွန်တော် ဒါကို သတိပြုမိခဲ့ပါတယ်။ အထူးသဖြင့် ဘိုင်ယန်မြူးနစ် ကစားသမားတွေ စောဒကတက်ချိန်မှာပေါ့”

“ကျွန်တော့်အထင် ဒိုင်တွေက ဥပဒေအတိုင်း လုပ်သွားတယ်ထင်ပါတယ်။ ဥပဒေမှာဆိုရင် အလိုအလျောက်သိမှု၊ ခံစားမှုကို အသုံးပြုရမယ်လို့ ရေးထားပါတယ်။ Advantage မဖြစ်သင့်တဲ့ အနေအထားမျိုးမှာ ဘယ်လိုမျိုး Advantage ပေးရမယ်ဆိုတာကို ပြောထားပြီးသားပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ်တူဟယ်လ်ကတော့ ဒီဖြစ်ရပ်က သေချာပေါက် ပင်နယ်တီပေးရမယ့် အနေအထားမျိုးလို့ စောဒကတက်ခဲ့ပါတယ်။ ဒီပွဲရဲ့ နောက်ဆုံးမိနစ်မှာလည်း အာဆင်နယ်တိုက်စစ်ကစားသမား ဆာကာ နျူအာနဲ့ ချိတ်ပြီး လဲကျခဲ့ပေမယ့် ပင်နယ်တီမပေးခဲ့တာကြောင့် အာဆင်နယ် ကစားသမားတွေ စောဒကတက်ခဲ့ကြပါသေးတယ်။

Share

Loading Next Article...
က္က