တစ်နှစ်ခွဲဆိုတဲ့ ကာလမှာ အရမ်းကိုပင်ပန်းခဲ့ရပါတယ်။

ယောကျာ်လေးတွေ အနေနဲ့ ကိုယ့်ရဲ့ မိန်းကလေး ပါတနာကို ၊ ကိုယ်ချင်းစာနာပေးဖို့အတွက်ကိုလည်း တောင်းဆိုခဲ့ပါသေးတယ်။

Photo :Shein Khant Aung

“စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲနဲ့ပရိသတ်တွေရဲ့ အားပေးမှုကို ပြန်လည် ရရှိလာတဲ့ သရုပ်ဆောင် ခိုင်သဇင်ငုဝါကတော့ ချစ်သူဆီက အကြမ်းဖက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီးရင်ဖွင့် ပြောပြခဲ့တာဖြစ်ပါတယ်။ ချစ်သူ သက်တမ်း တစ်နှစ်ခွဲတာ ကာလအတွင်း ချစ်သူဆီက ကိုယ်ထိလက်ရောက် ပြုခြင်းခံခဲ့ရတဲ့ သူမဟာ ကိုယ့်ကိုကိုယ် သတ်သေချင်တဲ့ စိတ်တွေတောင် ပေါက်မိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။


“ စတွဲကတည်းက ဘယ်လောက်မှ သိပ်မကြာခင်အချိန်က စပြီး အကြမ်းဖက် ခံရတာပေ့ါ။ ငါပြုပြင်ရင် သူပြင်မလားဆိုတဲ့ စိတ်နဲ့ စောင့်ရင်း နဲ့ တွဲခဲ့တဲ့ ကာလက ကြာသွားတာ‌ပေ့ါ။ ငုဝါ က အများကြီး သည်းခံရတယ် ငုဝါအသားက အရမ်းနုတဲ့ ထဲပါတော့ နည်းနည်းလေးလုပ်ရင်တောင် အညိုအမဲဆွဲတာ ။စေတလုံးမောင်ဘုန်း ဇာတ်လမ်းတွဲ ရိုက်တုန်းကဆိုရင် လက်မှာ အညိုအကွက်ကြီးတွေနဲ့ ရိုက်ရတာ ၊ ကိုယ့်မှာ ဘယ်သူ့မှလည်း မပြောရဲဘူး။ မိဘပြောလည်း တရားစွဲတာ ဖြစ်မှာစိုးလို့ ကိုချစ်လို့ တွဲခဲ့တဲ့အတွက် သူရိုက်လို့ တိုင်မယ်ဆိုရင်တောင် တရားဆွဲတာတွေ ဘာတွေ ဖြစ်မှာကိုယ်က သူ့ဘက်ကို ပြန်ကြည့်‌ပေးခဲ့တာ။ ကိုယ်ချစ်လို့ တွဲထားတဲ့ ကိုယ့်ရည်းစားမို့လို့ သူ့ဘက်ကို ပြန်ကြည့်ပေးလိုက်ခဲ့တာ၊ ကိုယ်က အဆင်မပြေလို့ ပျက်မယ်ဆိုရင်တောင် ရှေ့လျောက် ရမယ့် သူ့ဘဝရှိသေးတယ်ဆိုပြီး ကိုယ်က ပြန်ဖြည့်တွေးပေးတာပေ့ါ၊ အဲ့လို တွေးပေးနေရင်းပဲ တစ်နှစ်ခွဲလောက်ကြာသွားခဲ့တာ။ အဲ့အချိန်တုန်းက အနားမှာ ဘယ်သူမှ မရှိဘူး။ သူငယ်ချင်းတွေနဲ့ကလည်း အထင်လွဲ သူကလည်းနှိပ်စက်ဆို အဲ့ကာလကတော့ လုံးဝသေချင်စိတ်ပေါက်တဲ့ အချိန်ပဲ ၊ ငုဝါအတွက် အဲ့ဒီ တစ်နှစ်ခွဲ ကာလက နောင်တအရဆုံး ကာလတစ်ခုပါပဲ” လို့သူက ဆိုပါတယ်။

Photo :Shein Khant Aung

မိန်းကလေး အများစုဟာ ချစ်သူတွေဆီက အကြမ်းဖက်ခံရတဲ့ အချိန်အနေနဲ့ ကြုံလာတိုင်း ကိုယ့်ရဲ့ ပါတနာအပေါ်မှာ ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ သည်းခံ ခွင့်လွှတ် တတ်ကြပေမယ့် ဒါဟာ ရေရှည်မှာ ကိုယ့်အတွက် လုံးဝမကောင်းတဲ့ အချိန်ကာလ တစ်ခုကို တွန်းပို့နေခြင်းဖြစ်တာကြောင့် အကြမ်းဖက် ခံရတဲ့ ဘဝကနေ အမြန်ဆုံး ရုန်းထွက်နိုင်ဖို့ကြိုးစားသင့်ကြောင်းကိုလည်း သူမက အကြံပေးခဲ့ပါသေးတယ်။

“ ကိုယ်ထိလက်ရောက်ခံရမှ အကြမ်းဖက်ခံရတာ မဟုတ်ပါဘူး၊စကားနဲ့ နှိပ်စက်တာလည်း အတူတူပါပဲ။ ငုဝါကိုယ်တိုင်ကလည်း ဘဝမှာ စကားနဲ့ရော လက်နဲ့ရော ခံခဲ့ရတဲ့အတွက် မရုန်းထွက် နိုင်ခဲ့တဲ့အချိန် ရှိတယ်။ ကိုယ်ရုန်းထွက်နိုင်ဖို့ဆိုတာ ကိုယ်စိတ်ကို ပိုင်းဖျက်ဖို့ လိုပါတယ်။ အသည်းကွဲတဲ့အချိန်က ခံရ အလွန်ဆုံး တစ်ပတ်ပါပဲ အဲ့ဒီတစ်ပတ်ကျော်ရင် ကိုယ့်အတွက် ကောင်းတဲ့လူက ရောက်လာမှာပါ။ ဒီတစ်ယောက်နဲ့ ပဲ ဘဝကို အဆုံးမသတ်ပါနဲ့။ ငုဝါဆို အရမ်းပြောခံရတာ ရည်းစားတွေ အများကြီးထားတယ် ဆိုပြီး ပြောကြပါစေ ။ တစ်ဖက်က မကောင်းလို့ ကိုယ်က ပျက်ရတာ ဖြစ်နေတဲ့ အတွက် ကိုယ်က သည်းခံနိုင်သ‌လောက် သည်းခံခဲ့ပြီးပြီလေ။ ကိုယ်က စဥ်းစားရမှာ ရေရှည်စဥ်းစားရမှာ။ နှစ်တွေ ကြာလို့ ယူလိုက်ရတာတို့ ဆိုပြီး မလုပ်နဲ့ ကိုယ့်ဘဝဆုံးမယ်။ ကိုယ့်ဘာသာကိုယ် ဆွဲချနေသလိုပဲ ဒီဘဝထဲက လွှတ်အောင် ကိုယ့်စိတ်ကိုယ် ပြုပြင်ရမှာပါ” ဆိုပြီး သူမရဲ့ မိန်းကလေး ပရိသတ်တွေအတွက် အကြံပေးခဲ့ပါသေးတယ်။

ဆက်လက်၍လည်း ယောကျာ်လေးတွေ အနေနဲ့ ကိုယ့်ရဲ့ မိန်းကလေး ပါတနာကို အမေလို၊နှမလို သဘောထားပြီး ကိုယ်ချင်းစာနာပေးဖို့အတွက်ကိုလည်း တောင်းဆိုခဲ့ပါသေးတယ်။

Photo :Shein Khant Aung

ခိုင်သဇင်ငုဝါ ကိုတော့ မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာတာပါ။ မော်ဒယ် တစ်ယောက် အနေနဲ့ ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို ခံထားရတဲ့ သူမဟာ အခုဆိုရင် ဗီဒီယို ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်ပြီပဲ ဖြစ်ပါတယ်။

မကြာသေးခင် ကာလက ထုတ်လွှင့်ပြသခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့ “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲမှာဆိုရင်လည်း သူမပါဝင်ခဲ့သလို  အဲ့ဒီ ဇာတ်ကားနဲ့ပဲ ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ပြန်လည် ရရှိခဲ့တယ်ဆိုလည်း မမှားပါဘူး။







 


Share

Loading Next Article...
က္က