ရိုးမားအသင်းပိုင်ရှင်ကတော့ လေယာဉ်မျိုးစုံကို ကျွမ်းကျွမ်းကျင်ကျင်မောင်းနှင်နိုင်သူပါ။

စီးရီးအေကလပ် ရိုးမားအသင်းဟာ လူကာကူကို အငှားနဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ ကစားသမားအတွက် ငှားရမ်းမှုအဖြစ် ယူရို ၅ သန်းပေးချေရမှာဖြစ်ကာ လုပ်ခလစာက ယူရို ၇.၅ သန်းအထိ ပေးရမှာဖြစ်ပြီး လာမယ့်ရက်အတွင်းမှာ အသင်းကစားသမားသစ်အဖြစ် ကြေညာနိုင်တော့မှာဖြစ်ပါတယ်။ 

လူကာကူရဲ့ အပြောင်းအရွှေ့ကိုတော့ ရိုးမားအသင်းရဲ့ ဥက္ကဌလည်းဖြစ်၊ ပိုင်ရှင်လည်းဖြစ်တဲ့ ဒန်ဖရန့်ကင်က တိုက်ရိုက်ကိုင်တွယ်ခဲ့တယ်လို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် လူကာကူကို ရောမအရောက် သူကိုယ်တိုင် လေယာဉ်မောင်းနှင်ကာ​ခေါ်ဆောင်လာမယ်လို့လည်း သိရပါတယ်။ 

အမေရိကန်ဘီလျံနာသူဌေးကြီးဖြစ်တဲ့ သူက အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ ပိုင်ဆိုင်မှု ၅.၆ ဘီလျံအထိ ရှိပြီး The Friedkin Group ရဲ့ CEO ဖြစ်ကာ Air Force Heritage Flight Foundation ကို တည်ထောင်ခဲ့သူပါ။ 

အရပ်ဘက် Heritage Flight လေယာဉ်မှူး ၉ ဦးထဲက တဦးဖြစ်ပြီး လေယာဉ်မောင်းနှင်နိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေ ပြည့်မီပြီး အမေရိကန်လေတပ်၊ Horsemen P-51 ပျံသန်းရေးအဖွဲ့တွေနဲ့အတူ မြောက်အမေရိကနဲ့ ဥရောပတဝှမ်းမှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းပြပွဲတွေမှာ စွမ်းဆောင်ရည်မြင့် ခေတ်ဟောင်းစစ်လေယာဉ်မျိုးစုံကို မောင်းနှင်ပျံသန်းခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

လူကာကူဟာ အင်တာမီလန်၊ ဂျူဗင်တပ်စ်တို့နဲ့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပြီး နောက်ဆုံးမှာ ရိုးမားကို ပြောင်းရွှေ့နိုင်ခဲ့တာဖြစ်ပါတယ်။ 

Share

က္က