ရခိုင်စာအစုံရပြီး လက်ရာကောင်းတဲ့ဆိုင်လေးပါ။

ငါးရွှေငါးရဲ့ သဘာဝ အချိုအရသာများ များလေး နဲ့ချက်ထားပြီး အချိုမှုန့်တွေအများကြီး မသုံးထားဘဲ လက်ရာကောင်းတယ်လို့ သတင်းမွှေးတဲ့ ရခိုင်မုန့်တီဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။



ဗဟန်းရဲ့သက်တမ်းရင့် မုန့်တီဆိုင်

ဗဟန်းမြို့နယ် ရတနာလမ်းမှာ ဖွင့်ထားတဲ့ စနဲ ရခိုင် လက်ညှစ်မုန့်တီဆိုင် ကတော့ နှစ်ပေါင်း(၂၀)နီးပါး သက်တမ်းရှိပြီး လက်ရာကောင်းတယ်လို့ သတင်းမွှေးတဲ့ ရခိုင်မုန့်တီဆိုင်လေးပါ။ ဒီဆိုင်က ကိုယ်တိုင်လုပ် လက်ညှစ်မုန့်ဖတ်နဲ့ ငါးရွှေမုန့်တီဟင်းရည်က အရသာကောင်းလို့ လူကြိုက်များပါတယ်။ဆိုင်မှာ ရခိုင်အစားစာနဲ့ပတ်သက်ရင် အစုံရပါတယ်။ မုန့်တီ အပြင် ဆိုင်မှာရတဲ့ အရွက်စုံသုပ်နဲ့ ပင်လယ်စာအသုပ် တွေကလည်း လက်ရာကောင်းပြီးစားကောင်းပါတယ်။ 

နာမည်ကျော်ရတဲ့‌အကြောင်း

ဒီဆိုင်က စဖွင့်တုန်းက ခုံသေးသေးလေးနဲ့ တစ်နိုင်တစ်ပိုင်လေး စဖွင့်ခဲ့တာပါ။ စဖွင့်ကတည်းက ကိုယ်တိုင်လုပ် လက်ညှစ်မုန့်ဖတ် သဘာဝငါးအချိုများများနဲ့ ချက် ထားတဲ့ ငါးရွှေမုန့်တီဟင်းရည်ကြောင့်နာမည်ကျော် ခဲ့တာပါ။ လတ်တ်တ်တ် မုန်ဖတ်သားနဲ့ ငါးရွှေ ဟင်းရည်က စားသုံးသူကို စိတ်ကျေနပ်စေပါတယ်။ စားပြီးရင် ဇက်ကြောတက် ခေါင်းထိုးတာတွေ မရှိလို့ တစ်ခါစားပြီးရင် နောက်လည်း လာစားကြတယ်လို့ ဆိုင်ရှင်တွေက ဆိုပါတယ်။

မိသားစုလုပ်ငန်းဖြစ်လာ

ဒီမုန့်တီဆိုင်လေးကို ဆိုင်ရှင် လေးနှစ်သမီးအရွယ်မှာ မိခင်ဖြစ်သူက စဖွင့်ခဲ့တာဖြစ်ပြီး တစ်နိုင်တစ်ပိုင်လေး စဖွင့်ခဲ့ပေမယ့် မိသားစု တင့်တောင့် တင့်တယ်နေနိုင်တဲ့ အထိ အောင်မြင်တဲ့ မုန့်တီဆိုင်လေး ဖြစ်လာပါတယ်။“အမေ ကြိုးစားခဲ့တဲ့ ဒီဆိုင်က ညီမတို့အတွက်အသက်လိုပါပဲ။ ညီမတို့ မိသားစုမှာ တခြားစီးပွားရေးလည်းမရှိဘူး။ မိသားစုက ကျန်းမာရေးလည်း အားနည်းတော့ လိုတဲ့ ဆေးဖိုးဝါးခတွေ ဆိုလည်း ဒီဆိုင်လေးကပဲပေါ့နော်။ အမေ့ကိုရောစားသုံးသူတွေရော ကျေးဇူးတင်တယ်”လို့ မအိစန္ဒီမောင်က ပြောပါတယ်။

တစ်နေကုန်ဖွင့်တဲ့မုန့်တီဆိုင်

ဒီဆိုင်လေးက မနက်(၆)နာရီလောက်ကနေ စပြီးတော့ ညနေအထိ တစ်နေကုန် ဖွင့်ပါတယ်။ တစ်နေကုန်ဖွင့်‌တဲ့ ဆိုင်ဆိုပေမယ့်လည်း စဖွင့်ချိန်ကနေ ပိတ်ချိန်ထိ စားသုံးသူ ပြတ်သွားတယ်လို့ မရှိဘဲ ရောင်းကောင်းတဲ့ဆိုင်ပါ။ ဗဟန်းမြို့နယ် ကအပြင် အနီးအနားမြို့နယ်တွေရော၊ ဝေးတဲ့မြို့နယ် တွေကပါ တကူးတကလာ စားကြတဲ့ဖောက်သည်တွေရှိပါတယ်။

ရခိုင်စာစုံနေအောင်ရ

စနဲလက်ညှစ်ရခိုင်မုန့်တီ ဆိုင်မှာတော့ ရခိုင်မုန့်တီက စလို့ ရခိုင်အသုပ်တွေ၊အချိုပွဲမုန့်တွေစုံအောင်ရပါတယ်။ ရခိုင်မုန့်တီ၊မုန့်တီသုပ်၊ရခိုင်သ‌‌ေင်္ဘာသီးသုပ်၊ရေခူသုပ်၊ပင်လယ်စာသုပ်၊ရခိုင်ရွက်စုံသုပ်၊စနဲမုန့်တီသုပ်၊‌မုန့်လက်ဆောင်း၊လှော်စာစသဖြင့်အစုံရပါတယ်။ ဈေးနှုန်းတွေကတော့ ရခိုင်မုန့်တီအလွတ်တစ်ပွဲ (၁၅၀၀)ကျပ်ကနေစပါတယ်။

စနဲလက်ညှစ်ရခိုင်မုန့်တီလိပ်စာက

ဆိုင်လိပ်စာကတော့အမှတ်(၁၅)၊ရတနာလမ်း၊ဂွတ္တလစ်၊ဗဟန်းမြို့နယ်မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က