တောင်ကိုရီးယားမှာ ကုသပျောက်ကင်းပြီးတဲ့ COVID-19 လူနာ ၅၁ ဦးထံမှာ ဗိုင်းရပ်စ်ပြန်တွေ့လာရပါတယ်။

COVID-19 ရောဂါကိုဖြစ်စေတဲ့ SARS-COV-2 ဗိုင်းရပ်စ်ကို ကုသပျောက်ကင်းပြီးတဲ့ လူနာတွေထံမှာ ပြန်လည်ရှင်သန်လာတာ တွေ့ရှိရနိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံ Centers for Disease Control and Prevention (CDC) က ပြောပါတယ်။

(Photo: Bloomberg)

တောင်ကိုရီးယားမှာ ကုသပျောက်ကင်းပြီးတဲ့ COVID-19 လူနာ ၅၁ ဦးထံမှာ ဗိုင်းရပ်စ်ပြန်တွေ့လာရကြောင်း တွေ့ရှိရတယ်လို့ CDC က တနင်္လာနေ့ (ဧပြီ ၆ ရက်) မှာ ပြောခဲ့တာဖြစ်ပါတယ်။ ကုသပျောက်ကင်းပြီးသူတွေမှာ နောက်တစ်ကြိမ် ဗိုင်းရပ်စ်ကူးစက်ခံခြင်းထက် ၎င်းတို့ထံမှာ ဗိုင်းရပ်စ် ပြန်လည်ရှင်သန်လာနိုင်တယ်လို့ ဆိုပါတယ်။ ရောဂါခြေချုပ်ဖြင့် သီးခြားထားရှိရာမှ ထွက်ခွာခွင့်ပေးလိုက်တဲ့ လူတွေကို မကြာမီအတွင်း နောက်ထပ် စစ်ဆေးကြည့်ရာမှာ ဗိုင်းရပ်စ်ရှိနေခဲ့ကြောင်း တောင်ကိုရီးယား CDC အထွေထွေညွှန်ကြားရေးမှူး Jeong Eun-kyeong က ပြောခဲ့ပါတယ်။



(Photo: AP)

"ဗိုင်းရပ်စ် ပြန်လည်ရှင်သန်လာတဲ့ ဖြစ်နိုင်ခြေကို ပိုအလေးအနက်ထားပြီး ဒါကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာနေပါတယ်၊ COVID-19 လူနာတစ်ယောက်ကို ကုသပေးတုန်းမှာ ဗိုင်းရပ်စ်မရှိဘူးလို့ စစ်ဆေးတွေ့ရှိရပေမဲ့ နောက်တစ်ရက်မှာတော့ ဗိုင်းရပ်စ်တွေ့ရတာတွေ အများအပြားရှိနေပါတယ်" လို့ ၎င်းကဆိုပါတယ်။ COVID-19 လူနာတစ်ဦးကို ၂၄ နာရီအတွင်း စစ်ဆေးမှုနှစ်ကြိမ်ပြုလုပ်ပြီး ဗိုင်းရပ်စ်မတွေ့ရပါက အပြည့်အဝ ပြန်လည်သက်သာသွားပြီလို့ ယူဆထားပါတယ်။

တောင်ကိုရီးယား CDC က ကုသပျောက်ကင်းပြီးတဲ့ COVID-19 လူနာတွေထံမှာ ဗိုင်းရပ်စ်ပြန်တွေ့ရမှုအပေါ် ကူးစက်ရောဂါဆိုင်ရာ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားမှာ ယနေ့ (ဧပြီ ၁၀ ရက်) မနက်ပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၁၀,၄၂၃ ဦးရှိပြီး ၂၀၄ ဦး သေဆုံးခဲ့ကြောင်းနဲ့ ၆,၉၇၃ ဦး ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။

Source: Bloomberg


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က