ရွှေထူးက ရွှေမှုန်ရတီ အတွက် ခမ်းနားတဲ့ Valentine’s Surprise လေး ပြုလုပ်ပေးခဲ့ပါတယ်။ ရွှေထူးရဲ့ ရိုမန့်တစ်ဆန်ဆန် ပြင်ဆင်ထားမှုတွေကလည်း တကယ်ကို ကြည်နူးစရာကောင်းလှပါတယ်။
Photo: ရွှေမှုန်ရတီ
ရွှေထူးက ဇနီးချောလေး ရွှေမှုန်ရတီကို Valentine’s Day Surprise လုပ်ခဲ့တာဖြစ်ပါတယ်။ ဇနီးချောလေးကို Surprise လုပ်ဖို့ တစ်နေကုန် ပင်ပင်ပန်းပန်း ကြိုးစားခဲ့တယ်လို့ ရွှေမှုန်ရတီက ပြောပြထားပါတယ်။
‘’ Surprise လုပ်သူကြီး။ ကြည့်ပါဦး မိန်းမကို Surprise လုပ်ဖို့ တစ်နေ့လုံး အလုပ်ရှုပ်နေတာ။ ကျေးဇူးပါ’’ ဆိုပြီးတော့ ရွှေမှုန်ရတီက သူ့ရဲ့ Facebook Story Live မှာ အမှတ်တရ ဗီဒီယိုဖိုင်လေး တင်ခဲ့ပါတယ်။
Photo: ရွှေမှုန်ရတီ
ရွှေထူးနဲ့ ရွှေမှုန်ရတီတို့က အခုဆိုရင် မန္တလေးကို ရောက်နေကြတာပါ။ သူတို့ ဇနီးမောင်နှံရဲ့ ရိုမန့်တစ်ဆန်ဆန် ညစာစားပွဲလေးမှာလည်း ရွှေထူးရဲ့ ‘’Candy’’ သီချင်းကို ဖွင့်ထားပါတယ်။ အဲဒီနောက် သူတို့ တည်းခိုတဲ့ အခန်းထဲမှာလည်း အနီရောင် ရွှေမှုန်လေးတွေကို ကော်ဇောထက်မှာ ဖြန့်ကျဲ ထားပါတယ်။ နောက်ထပ်လည်း အနီရောင် မိုးပျံပူဖောင်းလေးတွေကို ဖဲကြိုး အနီရောင်လေးတွေနဲ့ ချည်ပြီး အခန်းရဲ့ မျက်နှာကြက်မှာ လွှင့်တင်ထားတာ ကိုတွေ့ရပါတယ်။ သူတို့အတွက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညလေးကတော့ အရမ်းကို ရိုမန့်တစ်ဆန်တဲ့ ညတစ်ညဖြစ်ပါတယ်။
Photo: ရွှေမှုန်ရတီ
ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာကျရောက်တဲ့ Anniversary နေ့လေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြပါတယ်။ အမှတ်တရနေ့လေး မတိုင်ခင် ရွှေမှုံရတီက ရွှေထူးကို Surprise လုပ်ခဲ့ပါသေးတယ်။
‘’ပါပါးကို မိန်မိန်းတို့ရဲ့ အမှတ်တရနေ့လေးမှာ Present လေးပေးချင်တယ်’’ ဆိုပြီးတော့ဖေ့စ်ဘွတ်ပေါ်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီ ၄၇ မိနစ်က Live လွှင့်ရင်းခင်ပွန်းဖြစ်သူ ရွှေထူးကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ရွှေမှုန်ရတီက ရွှေထူးကို Gucci အမှတ်တံဆိပ်ပါ အကျီၤနဲ့ ဘောင်းဘီ အမိုက်စား ဝတ်စုံတစ်စုံ လက်ဆောင်ပေးခဲ့တာပါ။
Photo: ရွှေမှုန်ရတီ
ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး လက်ထပ်ခဲ့ကြတာဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေစပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။